"ရွှန်း!... ငါပြန်တော့မယ်နော်... မနက်ကျမှ ကျောင်းသွားဖို့.. လာခေါ်မယ်... နားလိုက်တော့"
အိမ်ရှေ့ထိ လိုက်ပို့ပေးလာသည့် သူ့လက်ကိုဖြုတ်ချရင်း ဒိုင် ပြုံးပြလိုက်မိ၏။ နှုတ်ခမ်းလေးကို နှုတ်ဆက်အနမ်း ပေးလိုက်ချိန်အထိ ရွှန်းမျက်နှာက တစ်ချက်မှပြုံးမလာခဲ့...။ ရီဝေဝေအကြည့်တွေနှင့်ပဲ ငေးကြည့်လာပြီး...၊
"ဒီည မပြန်နဲ့တော့"
"အန်တီသိသွားရင်... အားနာစရာကြီး"
"ဒီအတိုင်းပဲ... အိပ်မှာလေ... ဘာတွေတွေးနေတာလဲ"
"ဪ!... ဟုတ်ပါတယ်... ငါကလည်း ဒီအတိုင်း အိပ်တာကိုပဲ ပြောနေတာပါ... ဟား... ဟား"
ပြုံးစိစိမျက်နှာကြီးကို မျက်စောင်းထိုးလိုက်ပြီးမှ သူ့လက်ကိုဆွဲလိုက်ပြီး ရွှန်းက အိမ်ထဲလှည့်ဝင်သွား၏။
ဝင်ပေါက်တံခါးကို သော့ခတ်ပြီးချိန် ဒိုင်နခအိတစ်ယောက် မလုံမလဲစိတ်နှင့် လှေကားကို မော့ကြည့်နေတာကိုလည်း ဘေးမှာကပ်ရပ်နေသည့် သူက အတိုင်းသားမြင်နေရသည်။ ကြောက်တတ်တာလည်း သူ့အပြင်မရှိပေမဲ့ ကိုယ့်ကိုဆိုရင်လည်း ခြိမ်းလားခြောက်လားနှင့်။ တကယ်က ဘာမှကို သတ္တိမရှိတဲ့ကောင်....။
ဖြစ်ပျက်နေသည့် သူ့မျက်နှာကို သေချာပြုံးပြလိုက်ရင်း...၊
"ကဲ... လာပါ... မေမေက အိပ်သွားလောက်ပြီ... မဆင်းလာပါဘူး... ဆင်းလာတော့လည်း... ဘာဖြစ်လဲ... ဒီအတိုင်းပဲ ညအိပ်တာကို"
သူ့လက်ကိုဆွဲပြီး အိပ်ခန်းထဲတောက်လျှောက်ဝင်သွားသည့် ရွှန်းက သူထိုင်ချလိုက်ရာ ခုတင်ဘေးတစ်ဖက်စွန်းကို လက်နဲ့ပုတ်ပြလာပြီး...၊
"လာ... ဒီဘက်မှာ လာလှဲ"
တစ်ယောက်အိပ်ထက် နည်းနည်းသာကြီးသည့် ခုတင်က နှစ်ယောက်မျက်နှာချင်းဆိုင်လှဲချလိုက်ချိန် ခေါင်းအောက်မှာ ခုထားကြသည့် လက်တစ်ဖက်စီက တံတောင်ချင်းတိုက်မိနေ၏။ ဘာမှလည်း မပြောဖြစ်ကြဘဲ မီးရောင်မှိန်မှိန်အောက်မှာ သူ့ကိုငေးကြည့်နေသည့် မျက်လုံးလေးတွေကို လက်မနဲ့ဖွဖွပွတ်သပ်လိုက်မိတော့ ရွှန်းမျက်လုံးတွေ မှိတ်ကျသွားပြီး...၊
![](https://img.wattpad.com/cover/375232159-288-k28397.jpg)
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...