ကိုယ့်လက်တစ်ဖက်ကိုဆုပ်ကိုင်ပြီး လက်တွဲထားရင်း ပခုံးချင်းထပ်မတတ် လမ်းလျှောက်နေကြတယ်ဆိုပေမဲ့လည်း ဒိုင့်မျက်နှာက ရှေ့တည့်တည့်ကိုတောင် မကြည့်နိုင်ဘဲ လည်ပင်းက ဘေးစောင်းနေ၏။ မပြောဘူးဆိုပြီး ဒီအတိုင်းကြည့်နေပေမဲ့ ဘေးနားကဖြတ်သွားသည့် ကောင်မလေးတွေဆီက စကားသံတွေ၊ ရယ်သံတွေကို ကြားတိုင်း ပြုံးစိစိမျက်နှာကြီးနှင့် ဇက်ကျိုးမတတ် လိမ်ကြည့်နေတာက မသိလျှင် သင်းကို ကိုယ်ကပဲ တွဲခေါ်နေရသည့်အတိုင်း...။ ရွှန်းစိတ်ထဲမှာ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ထပ်ဆုပ်ထားမိသည့် လက်ကိုပဲ ကိုယ့်ဘက်ယိုင်ကျလာအောင် အားနဲ့ ဆွဲပစ်လိုက်မိ၏။
တွဲထားသည့်လက်ကို အတင်းဆွဲခံလိုက်ရချိန် ပခုံးချင်းပစ်တိုက်သွားပြီး ဒိုင် ပြူးပြူးပြာပြာဖြစ်သွားသည်။ ဘာတွေဖြစ်နေတာလဲ...။
"ဟ!... ဘာဖြစ်တာလဲ"
"မင်းမျက်နှာကြီးကို ဒီဘက်လှည့်ထား... ငါက ဒီမှာရှိနေတာ"
"ဟား...ဟား"
ရွှန်းနခနိရှိတို့ သဝန်တိုနေတာလား....။ ဒီနေ့ကတော့ သူထီပေါက်တာပဲ..။
"မင်းက... သဝန်တိုနေတာလား"
"ဘာလဲ!... မတိုရဘူးလား... ဒိုင်!... ကျန်တာတွေသာ အလျှော့ပေးရင် ပေးမယ်.... ဒီကိစ္စနဲ့ ပတ်သက်ရင်ကတော့... ငါ့နားထဲ... သတင်းသဲ့သဲ့ကြားတာနဲ့... မင်း ခွေးတိုးပေါက်ကနေကို... ပြေးချိန်မရလိုက်အောင်... ပွဲကြမ်းမှာ... တစ်ခါတည်း... သတိပေးလိုက်တာ"
ဖြစ်ရလေ...၊ ကိုယ့်ကို သဝန်တိုနေတဲ့ သူ့ကိုရော ဒီကောင်က သည်းသည်းမလှုပ်ဘူးလို့ထင်နေတာလား...။ ကားထဲကဆင်းပြီး လမ်းလျှောက်လာကြကတည်းက တစ်ချက်မှ မလွှတ်ဘဲ ဆုပ်ထားမိသည့် လက်တစ်ဖက်ကို သာမန်လိုမျိုးပဲလို့ သတ်မှတ်ပစ်လိုက်တယ်ပေါ့။
"ရွှန်းနခနိရှိစံတို့က... တကယ့်ကို ဆရာကြီးနော်... တွဲထားတဲ့လက်နှစ်ဖက်ကိုလည်း ကြည့်ပါဦး... ချွေးစေးတွေတောင်... ထွက်နေပြီ... ငါကရော... မင်းကို သဝန်မတိုဘူးလို့ ထင်နေတာလား... ငါ့ကိုတင် ကြည့်တာမဟုတ်ဘူး... မင်းကိုလည်း မီးဝင်းဝင်းတောက်မျက်လုံးတွေနဲ့... စားတော့ဝါးတော့မလို... ကြည့်နေတဲ့... ကောင်မလေးတွေမှ.... အများကြီးပဲ"
ŞİMDİ OKUDUĞUN
SOULMATE
Hayran Kurguလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...