10 - U

23 2 0
                                    

"ရွှန်း!... ဒါက အခိရုယာမတဲ့... ငါ့သူငယ်ချင်းပဲ"

"ဒီကျောင်းက... လူတွေတော်တော်များများက... မင်းကို သိပြီးသားဆိုပေမဲ့... ငါကတော့... ရွှန်းနခနိရှိစံဆိုတာကို... ဒီကောင် ခဏခဏ ပြောလွန်းလို့... နားရည်ဝနေပြီ... လူချင်းက အခုမှ ဆုံရတာ... ဒိုင့်ကိုခင်သလို... ငါ့ကိုလည်း အေးဆေးခင်လို့ရတယ်နော်"

ကန်တင်းမှာထိုင်နေကြသည့် သူတို့သုံးယောက်မှာ အခိရုဆိုသည့် တစ်ယောက်က ဖြူဖြူလုံးလုံး ဝဖိုင့်ဖိုင့်နှင့် ပေါက်စီလုံးနဲ့တောင် ခပ်ဆင်ဆင်..။ မျက်လုံးတွေ မှေးကျနေအောင် ရယ်ပြနေသည့် မျက်နှာကိုပဲ ရွှန်း ပြန်ပြုံးပြလိုက်မိ၏။

"မင်းကိုတော့... ဒိုင့်ထက်... ပိုခင်တယ်"

"ဟာ!... ဟေ့... အဲဒီလိုတော့ မပြောနဲ့လေ... မင်းကို အကြိုအပို့လုပ်နေရတာ.... တစ်လတောင် ကျော်နေပြီ... ဒါကို မင်းက... အခုမှ တွေ့တဲ့ကောင်ကို.... ပိုခင်တယ်ပေါ့... ရွှန်းစံ... မင်းတကယ်မဟုတ်တော့ဘူး"

"ဪ!... အဲဒါကတော့... မင်းက သူ့အပေါ်ကို... ဘာတွေ အချိုးမပြေလုပ်ထားမှန်းမှမသိတာ... ဒီကောင့်အကြောင်းသိတယ်မို့လား... သူက သူ့အပြင်... ဆရာကြီး မရှိဘူးလေ"

အခိရုရဲ့ အငေါ့တူးစကားကို ထောက်ခံသလိုနှင့် ရွှန်းကလည်း ခေါင်းတငြိမ့်ငြိမ့်နှင့် ရယ်လေ၏။ ပခုံးချင်းကပ်ထိနေကြသည့် အနေအထားမှာ ဘေးတိုက်ရယ်နေတော့ မျက်ဝန်းနက်လေးနှင့် ကလေးမျက်နှာလေးက ပိုပြီး အပြစ်ကင်းစင်နေသည်။

ဘယ်လောက်တောင် ငေးနေမိသည်မသိ သူတို့နှစ်ယောက်ရှေ့မှာ ထိုင်နေသည့် အခိရုမျက်နှာက မချိုမချဉ်နှင့် သူ့ကိုလည်း မျက်စပစ်ပြလာ၏။ မလုံမလဲဖြစ်သွားသည့်စိတ်နှင့် ရွှန်းဘက်ကို လှည့်ကြည့်လိုက်မိချိန် အသံတိတ်သွားသည့်စကားဝိုင်းကို ဘာဖြစ်သွားကြလို့လဲဆိုသည့် အကြည့်လေးတွေနှင့် မျက်မှောင်ကြုတ်ကြည့်နေသည်။ တော်ပါသေးတယ်...။ ကိုယ်ငေးနေတာကို မမြင်လို့ပေါ့...။ တစ်ယောက်တည်း မျက်နှာပူနေမိရင်း ဒိုင်တစ်ယောက် ကုတ်ဖျားက ဆံပင်တွေကိုပဲ သပ်ချနေလိုက်မိ၏။ မရတော့ဘူး...။ ရောဂါရင့်နေပြီပဲ...။

SOULMATETempat cerita menjadi hidup. Temukan sekarang