"ငါ့အမေနဲ့... ဖုန်းပြောချင်လို့... ဖုန်းခေါ်ပေးပြီးရင်... စားစရာတစ်ခုခု လုပ်ပေးပါလား... ဗိုက်ဆာလာပြီ"
"အင်း... ရတယ်လေ... ညနေစောင်းနေပြီဆိုတော့... ညစာတစ်ခါတည်း စီစဉ်လိုက်မယ်... မင်းဖုန်းပြောပြီးရင်... လှမ်းခေါ်လိုက်"
မဒမ်ယုကီဆီကို ဖုန်းခေါ်ပေးလိုက်ပြီးမှ ရွှန်းလက်ထဲကို ဖုန်းထည့်ပေးလိုက်ကာ အပြင်ပြန်ထွက်လာမိ၏။ ဆေးရုံကပြန်လာကတည်းက တစ်လမ်းလုံး သက်ပြင်းတွေကျိတ်ချနေရင်း ဒီအိမ်လေးဆီရောက်တဲ့အထိ အမူအရာတွေတစ်မျိုးဖြစ်နေသည့် သူ့ပုံစံကို တကယ်နားမလည်နိုင်တော့တာပါ။
"ဒိုင်!"
ပဟေဠိတွေနှင့် မီးဖိုခန်းမှာ အလုပ်ရှုပ်နေချိန် ခပ်ဟဟဖွင့်ထားသည့် တံခါးဆီက ခေါ်သံကြောင့် လုပ်လက်စတွေပစ်ချပြီး အထဲကို ဒိုင် အမြန်ဝင်သွားလိုက်မိ၏။
"ရွှန်း!... ဘာဖြစ်လို့လဲ... အန်တီနဲ့ စကားပြောပြီးသွားပြီလား"
"အင်း!... ဒီနားကို လာဦး"
ခုတင်ပေါ်မှာ ထိုင်ရင်း အပြုံးလေးနှင့် သူ့ကို လက်ယပ်ခေါ်နေတဲ့အနားမှာ ဝင်ထိုင်လိုက်ပြီးမှ...၊
"ဘာပြောချင်လို့လဲ"
"ဟင့်အင်း!... ဒီအတိုင်းပဲ ဖက်ထားချင်လို့"
တကယ်လည်း သူ့လည်ကုပ်ကို သိုင်းဖက်လာပြီး ပခုံးပေါ်ခေါင်းလေးတင်ထားရင်း ရွှန်းက ငြိမ်သက်နေ၏။ ကိုယ်တိုင်လည်း ပြန်ဖက်ထားလိုက်မိရင်း ဘာတွေဖြစ်နေတာလဲ...။
"ဒိုင်!"
"ဟင်!"
"ငါတို့... ဘယ်တော့မှ မခွဲကြဘူးလို့... မင်းကတိပေးနိုင်မလား"
"ဘယ်လို!"
"ဖြေပါ... ဒီအတိုင်းပဲ ဖြေ!"
ကိုယ်ချင်းခွါမရအောင် သူ့ကိုတင်းတင်းကျပ်ကျပ်ဖက်လာ၏။ ကြည်နူးစိတ်နှင့် သူ့ပခုံးသားလေးကိုပဲ နှုတ်ခမ်းနဲ့ ဖိကပ်နမ်းလိုက်မိရင်း...၊
"ကတိပေးတယ်... မင်းစိတ်ချထားလိုက်တော့"
စကားအဆုံးမှာ သူ့ပါးပြင်နှစ်ဖက်ကို ဖွဖွလေး ထိကိုင်လာပြီး နူးညံ့တဲ့အနမ်းတွေဆိုပေမဲ့လည်း ဒီထဲမှာ ဆွဲဆောင်အားတွေပြင်းနေတာကိုလည်း နှစ်ယောက်စလုံးသတိထားမိတာမျိုး...။ လည်ကုပ်ကို သိုင်းဖက်ထားရင်း ခုတင်ပေါ်ကို အလိုက်သင့်ပြိုကျသွားခဲ့သည့် ရွှန်းရဲ့ခန္ဓာကိုယ်လေးကိုပဲ ပြန်ဖက်ထားမိရင်း မွတ်သိပ်နေသည့်အနမ်းတွေက သူ့စိတ်တွေကို အဆုံးစွန်ထိ ဆွဲချတော့မလိုပါ။ လွတ်ထွက်ချင်နေသည့် စိတ်တွေကို ပြန်စုစည်းရင်း သူ့အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးလာသည့် ရွှန်းလက်လေးတွေကို ဖမ်းဆွဲထားလိုက်မိပြီးမှ...၊
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...