11 - U

17 4 0
                                    

"သား!"

ပေါ်တီကိုအောက်ကို ကားရပ်လိုက်မိချိန် သူ့ဆီကို အပြေးတပိုင်းလာနေသည့် သူမကို ကားပေါ်ကမဆင်းနိုင်သေးဘဲ သူ ငေးကြည့်နေလိုက်မိ၏။ နုပျိုမှုတွေက မတွေ့တာကြာနေတာတောင် လန်းဆန်းနေသည့် အသွင်သစ်နှင့် သူမက ပိုပြီးကြည့်ကောင်းနေသည်။ ဘေးမှာ မတ်တပ်ရပ်ပြီး သူ့ကို ပြုံးကြည့်နေသည့် သူမကိုပဲ မမြင်ဖူးသလို ကြည့်နေရင်း အခုမှ ကားထဲက ထွက်လိုက်မိချိန် သူ့မျက်နှာကို ဖွဖွထိကိုင်ခံလိုက်ရကာ...၊

"ကြည့်ပါဦး... ငါ့သားလေးက... ပိုချောလာလိုက်တာ"

သူ့အရပ်ကို မမှီမကမ်းသိုင်းဖက်လာသည့် သူမ ခါးကိုလည်း ဖွဖွပြန်ဖက်ထားလိုက်ရင်း...၊

"မေမေက... ဘယ်တုန်းက ပြန်ရောက်တာလဲ... ကျွန်တော့်ကိုပြောရင်... လေဆိပ်ထိ... လာကြိုမှာပေါ့"

"သားကို အံ့ဩသွားစေချင်လို့.... အိမ်ရောက်မှ ပြောကြမယ်ဆိုပြီး... မင်းအဖေနဲ့ တိုင်ပင်လာကြတာ"

"ဟင်!... ဖေဖေရော... ပါလာတာလား"

"ဟုတ်ပါ့... လာ... သား... မင်းအဖေ စောင့်နေတယ်"

သူ့လက်မောင်းကိုဖက်ပြီး အိမ်ထဲဝင်လာကြသည့် သူတို့သားအမိနှစ်ယောက်ကို မစ္စတာနခအိက ဧည့်ခန်းမှာ အပြုံးနှင့် ဆီးကြိုနေ၏။

"ငါ့သားမျက်နှာက... တော်တော်လေးတော့... အံ့ဩသွားပုံပဲ... မင်းအကြံ အောင်မြင်သွားတာပေါ့... ဟုတ်တယ်မို့လား"

မဒမ်အိမိကိုက ခေါင်းညိတ်ထောက်ခံပြပြီး သူ့အနားမှာ ဝင်ထိုင်၏။

"ဟုတ်တာပေါ့... ကျွန်မတို့သားပုံစံက... သိသာနေတာပဲ... ကြည့်ပါဦး... ကျွန်မသားလေးက... မတွေ့တာကြာလို့လား မသိဘူး... ပိုကြည့်ကောင်းလာတယ်"

ဒိုင် ရှက်ရယ်,ရယ်လိုက်မိပြီး သူတို့နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီးမှ....၊

"ဒီတစ်ခေါက်... မေမေတို့က... ဘယ်နှစ်ရက်ကြာမှာလဲ"

"ကြာကြာနေဖို့တော့... စဉ်းစားထားတယ်... မင်းအကြောင်းတွေကို... သားအဖေပြောပြလို့... မေမေသိပြီးပြီ... အမှန်အတိုင်း ပြောရရင်တော့... မေမေကိုယ်တိုင်လည်း... နားချင်နေပြီ... သားကိုလည်း... အချိန်ပိုပေးချင်တယ်... ဒီတစ်ခေါက်ပြန်သွားရမယ်ဆိုရင်လည်း... မင်းအဖေကိုပဲ... လွှတ်လိုက်တော့မလားလို့... မေမေက... ငါ့သားနားမှာပဲ... နေတော့မယ်လေ... ဘယ်လိုလဲ"

SOULMATEWhere stories live. Discover now