8 - U

17 3 0
                                    

"ဘယ်ဝင်မလို့လဲ...ကိုယ့်အတန်းဆီ ကိုယ် သွားတက်လေ"

     စာသင်ခန်းထဲဝင်ဖို့ ခြေလှမ်းနေသည့် သူ့ပခုံးပေါ်က ကျောပိုးအိတ်ကြိုးစကိုဆွဲထားရင်း ရွှန်းဆီက စကားသံထွက်လာ၏။ နောက်လှည့်ကြည့်လိုက်ချိန် မျက်မှောင်ကုတ်လေးနှင့် သူ့ကို ငေးကြည့်နေသည်။

"အတန်းတက်မလို့ပဲလေ"

"ဒါက မင်းအတန်းလား... ကိုယ့်အတန်းဆီ ကိုယ် သွားစမ်းပါ"

"ဟ!... ဒီတစ်ချိန်က ငါလည်း သင်ရမှာပဲ... ဘာတွေလာဖြစ်နေတာလဲ"

     မေဂျာမတူဘူးဆိုပြီး လက်ချာချိန်က မတူစရာလား။ ရွှန်းနခနိရှိတို့ ဒါတော့နည်းနည်းများသွားပြီ..။ ပြောလိုက်တာမှန်နေတော့လည်း စူပုပ်ပုပ်မျက်နှာနှင့် သူ့ပခုံးကို တိုးတိုက်ပြီး အခန်းထဲဝင်သွား၏။ ဒိုင် ခေါင်းတယမ်းယမ်းနှင့်ပဲ တစ်ယောက်တည်း ပြုံးလိုက်မိတော့သည်။ အသည်းယားတာတွေ များနေပြီ...။

"ဘာလို့... ဒီမှာ လာထိုင်တာလဲ... တခြားနေရာ သွားထိိုင်!"

     ထိုင်ခုံမှာထိုင်ချလိုက်ဖို့က တားမြစ်သံကြောင့် ထိုင်မရ ထမရအခြေအနေနှင့် ဒိုင့်ပုံစံက ကုန်းကုန်းကွကွဖြစ်သွား၏။

ရုပ်ခံလေးရှိနေလို့ပေါ့...။ မဟုတ်လျှင် ဒီပုံစံမျိုးက မြောင်းထဲပစ်လိုက်ရမယ့်ကိန်း...။

ထင်သည့်အတိုင်းပါပဲ...။ သူ့ပုံစံကိုကြည့်ပြီး အတန်းထဲမှာရှိနေသည့် ကောင်မလေးတွေဆီက ရယ်သံတွေထွက်လာ၏။ ရွှန်းဆိုသည့် ဒီကောင်က နေရာတကာ တွန့်တိုတတ်တာလား။

     ကိုယ့်ကိုမော့မကြည့်နေသည့် သူ့ကိုပဲ စီးမိုးငုံ့ကြည့်လိုက်ရင်း တမင်ပဲ ပူးကပ်ထိုင်ပစ်လိုက်မိတော့သည်။ လူကို အဲသည်လောက် အထိအကပ်မခံချင်နေတာ တွေ့မယ်...။

"ဟ!... ဟိုဘက်တိုးထိုင်လေ... နေရာအကျယ်ကြီးရှိနေတာကို"

     နှစ်ယောက်တည်းရှိနေသည့် ခုံတန်းရှည်ကိုတောင် သူ့အနားထိ ကပ်ထိုင်လိုက်ပုံက ဒိုင်တစ်ယောက် တမင်လုပ်လိုက်တာဆိုတာ ပိုသိသာနေ၏။

"ကပ်ထိုင်ချင်လို့... ပူးကပ်ထိုင်မှတော့... တိုးစရာလား... လုံးဝပဲ... မင်းကို ဖက်နမ်းနေတာမှ မဟုတ်တာ"

SOULMATEDonde viven las historias. Descúbrelo ahora