🍊1

34.1K 1.8K 137
                                    

အ​နောက်​က .......
တစ်​​ယောက်​​ယောက်​လိုက်​လာသလို...
ခြေသံကြား​နေရတာမို့.....
ကျောပိုးအိတ်​ကြိုးကို ခပ်​တင်းတင်းကိုင်​လို့
မ​ပြေးရုံတမယ်​....​လျှောက်​လာလိုက်​သည်​...

အိမ်​ကလည်း....​ဝေး​သေးသည်​......

ဘယ်​လိုပဲ......
အသက်​ ၂၁ နှစ်​​ ရှိပါ​စေဦး....

ဒီလိုညဘက်​ကြီးမှာ....
တစ်​​ယောက်​တည်းသွား​နေရတာက
ကျောချမ်းစရာ......

တစ်​ခါမှ အခု​လောက်​ ​နောက်​မကျခဲ့ဖူးပါ..

တက္ကစီကလည်း....
အိမ်​​ရောက်​သည်​အထိ....လိုက်​မပို့တာမို့....
လမ်းထိပ်​မှ...အိမ်​​ရောက်​သည်​အထိ
လမ်း​လျှောက်​ပြန်​လာရသည်​.....

"ရှပ်​.....ရှပ်​.....ရှပ်​....."

ထပ်​ကြားရပြန်​ပြီ.....​ခြေသံ....

ပြီး​တော့.....ဒီလမ်းထဲမှာ....
သရဲ...ရှိတယ်​ဆိုလား.....

ကျ​နော်​ ​ဇော​ချွေးများပါပြန်​လာသည်​......

ခပ်​သွက်​သွက်​ ​လျှောက်​​လေ​လေ....
နောက်​က​ခြေသံကလည်း.....
ကျယ်​လာ​လေ​လေ.......

ကျ​နော်​ ​ခြေစုံရပ်​၍.....
အားကိုတင်းကာ.....
ဖြည်းဖြည်းချင်း......လှည့်ုကြည့်​မိသည်​.....

သို့​သော်​......မှိန်​ပြပြ.....မီး​ရောင်​​အောက်​မှာ
ဘာမှမမြင်​ရ......

ဘယ်​သူမှမရှိ​လောက်​ပါဘူး....

ကျ​နော်​....​ရှေ့ဆက်​သွားဖို့ပြင်​လိုက်​​တော့

"အား......"

ရုတ်​တရက်​ပီသစွာကြားလိုက်​​သော....
အသံတစ်​ခု.......

နောက်​မှ....မဟုတ်​......
အ​ရှေ့မှာ....ကြား​နေရခြင်း....

လှမ်းကြည့်​မိ​တော့......
မီးတိုင်​မှိန်​ပြပြ​အောက်​မှာ....
ချော်​လဲ​နေ​သော.....အဘွားအိုတစ်​ဦး......

ကျ​နော်​.....
ခဏ​တွေ​ဝေကာ...ရပ်​ကြည့်​​နေမိသည်​.......

"လူ​လေး.....အဘွားကို....ထူ​ပေးပါလား.."

တုန်​ခိုက်​စွာ....ထွက်​​ပေါ်လာ​သော.....
အဘွားအို၏.....အသံ​ကြောင့်​....
ကျ​နော်​....ဘာမှမ​တွေးနိုင်​ပဲ......
ပြေးသွားထူလိုက်​သည်​......

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Where stories live. Discover now