စိုင်းမင်းခန့် နေ့လယ် အတန်းချိန်တွေ အကုန်တက်ပြီးတဲ့နောက် အဆောင်ကိုပဲ ပြန်လာခဲ့သည်။
ဓာတ်လှေကား ပြင်နေပါသဖြင့် လှေကားက တက်ပါရန် ဆိုတဲ့ ဆိုင်းဘုတ်ကိုကြည့်ရင်း အသည်းအသန် သေးပေါက်ချင်နေသော စိုင်းသည် လေးထပ်အထိ လှေကားနှင့် တက်ရမည့် ဒုက္ခကို မှန်းဆကာ ရယ်ရမလို ငိုရမလို စိတ်ညစ်သွားရလေသည်။
သေးက နေ့ခင်းတနေ့လုံး မပေါက်ခဲ့ရ။
တွေးလေတွေးလေ ပို ပေါက်ချင်လာလေလေဖြစ်လာ၏။ ထို့ကြောင့် စိုင်း လှေကားထစ်တွေကို အပြေးအလွှားနင်းတက်လာခဲ့သည်။ အခန်းထဲရောက်ပြီဆိုလျှင်ပဲ ရေချိုးခန်းတံခါးကို ခပ်ကြမ်းကြမ်း ဆွဲဖွင့်ကာ မျက်စိမှတ်လျက် ဘိုထိုင်အိမ်သာကြွေခွက်ထဲသို့ အားရပါးရ ပန်းချလိုက်ပါတော့သည်။“ အား ... အခုမှပဲ နေသာထိုင်သာရှိသွားတော့တယ် ”
စိုင်း ကိုယ့်ပစ္စည်းကိုယ် ဇစ်ပိတ်ပြန်သိမ်းရင်း
မိမိကို စူးစူးဝါးဝါး စိုက်ကြည့်နေသော လူအရိပ်တစ်ခုကို မျက်လုံးထောင့်ကနေ အမှတ်မထင် သတိပြုမိသွား၏။ တဖြည်းဖြည်းနဲ့ ဘေးဘက်ကို ခေါင်းလှည့်ကြည့်လိုက်တော့ အပေါ်ပိုင်းအင်္ကျီဗလာနဲ့ ဆရာ့ ကို တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုတော့ စိုင်း အားခနဲ အော်လိုက်မိသည်အထိ လန့်ဖျပ်သွားပါသည်။“ ဟာ ဆရာ ။ ဘယ်အချိန်ကတည်းက ရောက်နေတာလဲ ”
“ မင်းဝင်မလာခင်ကတည်းကပဲ ”
စိုင်းမင်းခန့် တဒင်္ဂ ထွန်းကိုကိုရဲ့အမြောင်းမြောင်းထနေသော ကျစ်ကျစ်လျစ်လျစ် ဝမ်းဗိုက်ကြွက်သားများနှင့် မို့မောက်တောင့်တင်းနေသော ရင်ဘတ်ကြွက်သားများဆီ ဖျပ်ခနဲ အကြည့်ရောက်သွားပြီး ချက်ချင်း မျက်နှာပြန်လွှဲလိုက်ရသည်။
“ ကဲ မင်းကိစ္စပြီးပြီမဟုတ်လား ထွက်တော့။
ငါဒီမှာ ရေချိုးတော့မယ် ”“ ဟုတ်ကဲ့ ဟုတ်ကဲ့ ”
စိုင်း တံခါးဆီသို့ ဖြေးလေးစွာ လျှောက်လာခဲ့၏။ ထို့နောက် အခန်းပြင်မထွက်ခင်
တံခါးလက်ကိုင်ဘုသီးကိုကိုင်ထားရင်း ချိတုံချတုံဖြစ်နေပြီး နောက်ဆုံးမှာတော့ ခပ်ရှက်ရှက်ဖြင့် လှည့်မေးရသည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student