သက်သက်ဝေ နှင့်ပက်သက်၍ စိုင်း၏ အထင်လွဲမှုကို ဘယ်လိုရှင်းပြရမှန်း မသိဖြစ်နေသော ထွန်းကိုကိုသည်
ရက်အတော်ကြာအောင် စိတ်ညစ်ညူးစွာ တွေဝေနေခဲ့ရသည်။ နာကျင်စွာမေ့ဖျောက်ထားခဲ့သော အတိတ်ကို စိုင်းအား ပွင့်လင်းစွာ ဖွင့်ပြောပြဖို့ သူ အင်မတန် တွန့်ဆုတ်ဝန်လေးနေခဲ့၏။ အဲသည်လိုဖြစ်နေသည့်အချိန်မှာပင် သူ့ကို ပြတ်သားစွာ ဆုံးဖြတ်ချက်ချမိသွားဖို့အတွက် အဓိကတွန်းအားတစ်ခုဖြစ်စေသည့် အခြေအနေတစ်ရပ်ပေါ်ပေါက်လာခဲ့လေသည်။သူ ဆေးခန်းသွားဖို့ပြင်ဆင်နေချိန်မှာ စိုင်းသည်အဝတ်အစား တောက်တောက်ပြောင်ပြောင်ဝတ်ဆင်လျက် အပီအပြင် ရွှိုင်းနေခဲ့၏။
မှန်ကြည့်၍ သီချင်းတညည်းညည်းဖြင့် ခေါင်းဘီးနေသော စိုင်း၏ ဟန်ပန်အမူအရာသည် မကြာခင် လူပျိုသွားလှည့်တော့မည့်အတိုင်း။ လူငယ်များ၏ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်သလို ဖြစ်သွားမည်စိုးသောကြောင့် ဘယ်သွားမလို့လဲမေးလိုက်ချင်သည့် သူ့နှုတ်ခမ်းများကို ထွန်းကိုကို တင်းတင်းစေ့ထားမိသည်။ဒီလိုနဲ့ နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့် အခန်းပြင်ထွက်လာခဲ့ကြပြီး ဓာတ်လှေကားအတူ စီးဖြစ်သွားကြသည်။ စိုင်းသည် တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေ၏။
“ ဟုတ်ကဲ့ အစ်ကို၊ ကျနော် ထွက်လာနေပြီ ”
သူ စိုင်းကို မျက်လုံးထောင့်ကပ်၍ အသာအယာ ကြည့်လိုက်မိသည်။ သည်လောက်ဆိုလျှင် သူ ပါးနပ်စွာ ရိပ်မိပါပြီ။ သူ၏ ထင်မြင်ချက်များ လွဲချော်မသွားဘဲ အတိအကျမှန်ကန်ခဲ့၏။ Joy က အဆောင်ဝင်းရှေ့က သစ်ပင်အောက်မှာ ကားရပ်ထားလျက် စိုင်းကို စောင့်နေသည်။ ထို့နောက် ကားပေါ် ရယ်ရွှင်ပြုံးစွာ တက်လိုက်သွားခဲ့သော မြင်ကွင်းကို မသိမသာလှမ်းငေးကြည့်ရင်း သူ မနာလိုဝန်တိုစိတ်ဖြင့် ရှိန်းခနဲ ပူလောင်သွားခဲ့ရလေသည်။ ပြောမပြတတ်လောက်အောင် ပြင်းထန်စူးရှလွန်းလှသော ဝေဒနာနှင့်အတူ စိုင်းကို သူတစ်ပါးလက်ထဲ အပါမခံနိုင်ဘူးဟု သေချာသွားသောအခါ ရုတ်ချည်းပင် သူ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ပြတ်သားစွာ ချလိုက်ပြီးသား ဖြစ်သွားပါတော့သည်။
VOCÊ ESTÁ LENDO
Dear Doctor Handsome [ Unicode + ZawGyi ]
Ficção AdolescenteDoctor Handsome & Medical Student