Chapter ( 11 ) *

42.8K 3.7K 48
                                    

စိုင်းမင်းခန့်ကို King စလွယ်လွယ်ပေးပြီး လက်ဆွဲနှုတ်ချိန်၌ ထွန်းကိုကိုသည် လှိုက်လှဲနွေးထွေးသော အပြုံးဖြင့် ပြုံးပြလိုက်၏။ စိုင်းမျက်နှာပေါ်က တန်ပြန်အပြုံးကိုမြင်လိုက်ရသောအခါ သူ ရင်ဘတ်ထဲနွေးခနဲဖြစ်သွားရလေသည်။
စိုင်း၏ တောင်းဆိုချက်ကို ယတိပြတ် ငြင်းပယ်ခဲ့ပြီးတော့မှ အခုပွဲကိုရောက်လာရသည့်အဖြစ်ကို သူ့ကိုယ်သူလည်း မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေမိသည်။
သူကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး သူကိုယ်တိုင်ဖျက်သိမ်းလိုက်ရသော အဖြစ်အပျက်သည်
သူ့ဘဝတစ်သက်တာမှာ အလွန်ရှားပါးပါသည်။
ရာခိုင်နှုန်းအားဖြင့် ငါးရာခိုင်နှုန်းပင်ရှိလိမ့်မည်မဟုတ်။ အခုတော့ ထို နည်းပါးလှသော ရာခိုင်နှုန်းထဲတွင် ယနေ့ညအဖြစ်ကိုထည့်သွင်းရတော့မည်။ ပြီးတော့ သူ သည် ရောက်လာရုံသပ်သပ်မဟုတ်ဘဲ
စင်ပေါ်ပါတက်ပြီး ဆုပါပေးလိုက်သေးသည်။

စိုင်းမင်းခန့် သီချင်းစဆိုနေသည့်အချိန်မှာ သူဟိုတယ်၏မြက်ခင်းပြင်ကို ကံကောင်းထောက်မစွာ အချိန်မီရောက်လာနိုင်ခဲ့သည်။
လွတ်နေသော နောက်ဆုံးစားပွဲဝိုင်းလောက်မှာ သူ ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်ပြီး ငေးကြည့်နေလိုက်ပါသည်။

စိုင်းသည် အဆိုတော်တစ်ယောက်ဖြစ်လောက်အောင် အသံကောင်းနေသော လူငယ်တစ်ယောက်မဟုတ်ပါ။ သို့သော် နားထောင်ရသူကို မျောဝင်စီးပါသွားအောင် စိတ်ကိုနှစ်၍ ဆိုတတ်သောကလေးဖြစ်၏။ ဂစ်တာသံနှင့် တစ်သားတည်းကျလျက် ဆွေးမြေ့ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသော အသံသည် ထွန်းကိုကို၏ စိတ်အာရုံကို အချိန်ခဏလေးအတွင်းမှာပဲ ညှို့ငင်ဖမ်းစားသွားနိုင်ခဲ့လေသည်။ တကယ်တော့ သူ့ကိုတင်မဟုတ်။ နားထောင်နေကြတဲ့သူအားလုံးကိုပါ ဆွဲဆောင်သွားနိုင်ခဲ့ကြောင်း သီချင်းဆုံးပြီး တအောင့်လောက်အကြာမှာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သော လက်ခုပ်သံများက သက်သေပြလျက်ရှိသည်။

ထိုအချိန်မှာပင် အသက်ဝင်လွန်းလှတဲ့ စိုင်း၏ သီဆိုမှုအပေါ် သူထိုင်နေသော စားပွဲဝိုင်းမှ ကျောင်းသူအချို့၏ မမျှော်လင့်ထားသော ယူဆချက်တစ်ခုထွက်ပေါ်လာ၏။ စိုင်းမင်းခန့် တစ်ယောက်ယောက်အပေါ် ခံစားချက်ရှိနေတာပဲဖြစ်ရမည်တဲ့။ သူလည်း သူတို့ပြောမှ ဖြစ်နိုင်ချေကို ခပ်ဆဆ တွေးမိသည်။ ဘယ်သူ့ကိုစိုင်းကြိုက်နေတာလဲ။

Dear Doctor Handsome [ Unicode + ZawGyi ]Onde histórias criam vida. Descubra agora