“ ဆေးရုံအုပ်ကြီးကပြောတယ်။
မောင်ဟာ အတိတ်ကို ပြန်မှတ်မိရင်လဲ မှတ်မိမယ်။
မမှတ်မိရင်လဲနေမယ် ။ ဘယ်အခြေအနေမဆို
ဖြစ်နိုင်တယ် တဲ့ သက်ရယ် ”ဒီတစ်ခေါက် သူမ မောင့်ဆီသို့ရောက်လာသောအခါ မောင်က စိတ်ညစ်ညူးစွာ ခပ်ဆွေးဆွေးကလေးပြောပြနေခဲ့သည်။ အဲသည်အတိတ်တွေကို တစ်သက်လုံးသာမေ့နေ
လိုက်တော့မောင်။ သူမသည် မောင့်ကို စိတ်လိုက်ရ ပြုံးပြလျက် မောင့်လက်ကိုဆုပ်ကိုင်ကာ အားပေးနှစ်သိမ့်လိုက်၏။“ စိတ်မပူပါနဲ့ မောင်ရာ။ မောင် မမှတ်မိတော့ရော
ဘာဖြစ်သေးလဲ၊ သက်က အေးအေးဆေးဆေး
ပြောပြပေးပါ့မယ်နော် ”“ အဖြစ်အပျက်တွေ၊ လူတွေကတော့ သိပ်အရေးမကြီးပါဘူး သက်ရယ်၊ နောက်တော့လည်း ပြန်လည်ခင်မင်ရင်းနှီးသွားကြမှာပဲ၊
အခု မောင် ယူကျုံးမရဖြစ်နေမိတာက
ဆေးပညာနဲ့ ပက်သက်ပြီးလည်း မောင် ဘာဆိုဘာမှကို မမှတ်မိတော့တာပဲ။
မောင် ကိုယ့်ကိုယ်ကိုယ် သိတယ်။
ဘွဲ့ရပြီးကတည်းက အခုအချိန်အထိဆိုရင် မောင် လေ့လာခဲ့ရတဲ့ ဆေးပညာရပ်တွေ နည်းမှာမဟုတ်ဘူး။ မောင် အားလုံးကို အစကနေပြန်စရမဲ့ ကျောင်းသားလေးတစ်ယောက်ဖြစ်သွားပြီ ”သူမ စိတ်မကောင်းဖြစ်သွားကာ မောင့်ပခုံးကို အသာအယာ ဆုပ်ကိုင်ဖျစ်ညှစ်လိုက်၏။
“ ဆေးပညာနဲ့ ပက်သက်ရင် မောင်ပြန်သင်ပေါ့လေနော်။သက်လဲ ဘေးကနေအစွမ်းကုန်ကူညီပေးမယ် ”
မောင်က ခပ်ရိပ်ရိပ်ပြုံး၍ အသိအမှတ်ပြုစွာ ခေါင်းညိတ်ပြသည်။ ထို့နောက် အဆက်အစပ်မရှိ ရုတ်တရက် ထမေးလာသည်။
“ စိုင်းမင်းခန့် ဆိုတဲ့ ကောင်လေးနဲ့ပက်သက်ပြီး
သက် ဘယ်လောက်ထိ သိထားလဲ။
မောင်နဲ့ အဲကောင်လေးနဲ့က
အရမ်းရင်းနှီးကြလား ”မောင့်အတွက် ပျားလိမ္မော်သီးအခွံခွာပေးလျက်ရှိသော သူမ လက်တွေ တုန့်ခနဲ ရပ်သွားသည်။ သူမ မောင့်ကို ဖျပ်ခနဲ မော့ကြည့်ကာ မောင့်မျက်နှာကို အကဲခတ်နေမိသည်။
“ သူက မောင့်ကို ဘာတွေ ပြောသွားတာလဲ ”
“ ဘာမှမပြောပါဘူး။ အဲကလေးက
မောင့်ဆီခဏ ခဏလာနေတော့ တော်တော်များ
ရင်းနှီးလားလို့ပါ ”
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student