ဆရာနှင့် စိုင်းသည် စိန်ပန်းပွင့်တွေ
နီရဲအောင်ပွင့်နေတဲ့ စိန်ပန်းပင်ကြီးတစ်ပင်အောက်မှာ မျက်နှာချင်းဆိုင်ရပ်နေခဲ့ပြီး တစ်ယောက်ကို တစ်ယောက်ငေးကြည့်နေမိကြ၏။ ဘေးပတ်ပတ်လည်မှာ မြူခိုးငွေ့တွေ ခပ်ပါးပါးရစ်သိုင်းလျက်ရှိသည်။
စိုင်း ဆရာ့ကို နွေးထွေးစွာ ပြုံးပြလိုက်သောအခါ ဆရာသည် မှုန်တေတေမျက်နှာထားဖြင့် သူစိမ်းတစ်ယောက်ကို ကြည့်သလို စိမ်းကားအေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
စိုင်း ဆစ်ခနဲ ဝမ်းနည်းနာကျင်၍ မျက်ရည်များပေါက်ပေါက်ကျလာသည်။ ဆရာက မျက်ရည်တွေကိုမြင်ရတာ စိတ်ရှုပ်သွားဟန်ဖြင့် ဗြုန်းခနဲ ကျောခိုင်းကာ တရွေ့ရွေ့ ထွက်ခွာသွား၏။ စိုင်း ဆရာ့အနောက်သို့ ပြေးလိုက်သွားသော်လည်း ခြေထောက်များ လေးလံစွာ နှေးကွေးနေခဲ့ပြီး ဆရာ့ဆီ တော်တော်နဲ့မရောက်နိုင်ဖြစ်ကာ
ရင်ဘတ်ထဲ တင်းကျပ်ဆို့နင့်နေလျက်ရှိသည်။ စိုင်း ဆရာ့ကို အသားကုန် အော်ခေါ်မိသောအခါ အသံသည် အပြင်သို့ထွက်မလာဘဲ လည်ချောင်းဝမှာတင် တစ်ဆို့ပျောက်ကွယ်သွားခဲ့၏။ စိုင်း ဒူးထောက်ကျသွားပြီး မျက်နှာကိုလက်ဖဝါးများမှာအပ်လျက် စူးရှနာကျင်စွာငိုမိပါတော့သည်။စိုင်း အိပ်မက်ကနေ လန့်နိုးလာပြီး ဖြူဖွေးသောမျက်နှာကျက်ကြီးကို ရုတ်ချည်းမြင်လိုက်ရသည်။ စိုင်းပါးပြင်၌ မျက်ရည်စများ စိုးစွတ်လျက်ရှိသည်။ အိပ်မက်ထဲမှာငိုတာ အပြင်မှာလည်းတကယ်လိုက်ငိုတာပါလား။
စိုင်း သည်လဲလျောင်းနေရာမှ
အားတင်းပြီးထထိုင်လိုက်၏။ မျက်နှာချင်းဆိုင်က ပြတင်းပေါက်မှန်ထဲမှာ လူနာဝတ်စုံဝမ်းဆက်နဲ့ ကောင်လေးကို တွေ့လိုက်ရတော့ မိမိရောက်နေသည့်နေရာမှာ ဆေးရုံဖြစ်ကြောင်း စိုင်းသတိပြုမိသွားသည်။ စိုင်း ဗြုန်းခနဲ ဆရာ့ကို သတိရသွား၏။ ဆရာ့ကို မြင်တွေ့လိုက်ရတုန်းက
ခေါင်းမှာသွေးတွေ အများကြီးပဲ။
စိုင်း စိုးထိတ်စွာ ပူလောင်သွား၏။
ကုတင်ပေါ်ကနေ ကမန်းကတန်းဆင်းကာ အခန်းတံခါးဆီသို့ အလောတကြီးလျှောက်သွားဖို့ တံခါးလက်ကိုင်ကိုလက်လှမ်းလိုက်သည်။ ထိုအခိုက် တံခါး ဖျပ်ခနဲ ပွင့်လာပါသည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student