Welcome ကိစ္စနှင့်ပက်သက်ပြီး စိုင်းနဲ့ ဆရာတို့၏ ဆက်ဆံရေး ခပ်တန်းတန်းဖြစ်ပြီး အေးစက်နေခဲ့ကြသည်မှာ ပွဲကျင်းပမည့် အချိန်မရောက်ခင်အထိဖြစ်လေသည်။ ဒီနေ့ စနေနေ့ဖြစ်သောကြောင့် ဆရာသည် မနက်ကတည်းက ဆေးရုံကိုထွက်သွား၏။ မနက်လင်း အိပ်ရာနိုးလို့ ဆရာ့ကုတင်ကို လှမ်းကြည့်လိုက့်သည့်အခါ ဆရာရှိမနေမှန်း သိလိုက်ရသည်နှင့် စိုင်း စူးရှစွာ နာကျင်သွားသည့် ဝေဒနာကိုခံစားလိုက်ရပါသည်။ ဆရာဟာ တကယ်ပဲ သူ့ကိုလာအားမပေးဘဲဆေးရုံကိုသွားတာပေါ့။ တကယ်ဆိုလျှင် တနင်္ဂနွေနေ့ရှိသေးတာပဲ။ အဲနေ့ကြမှ လူနာတွေအားလုံးကို ရက်ချိန်ပေးလို့ရတာပဲမဟုတ်လား။
တစ်မနက်ခင်းလုံး စိုင်း စိတ်ထဲအလိုမကျမှုများ ပြည့်နှက်လျက် စိတ်ညှိုးနွမ်းနိုးခွေနေခဲ့ရသည်။ ညနေခင်းပိုင်းနာမည်ကြီးဟိုတယ်တစ်ခု၏ မြက်ခင်းပြင်တွင် မီးရောင်စုံများဖြင့် တခမ်းတနား ကျင်းပမည့် မောင်မယ်သစ်လွင်ကြိုဆိုမှာပွဲကိုတက်ရောက်လိုက်ဖို့ စိတ်တက်ကြွလှုပ်ရှားမှုများ ပျောက်ကွယ်လျက်ရှိသည်။ ထို့ကြောင့် ပွဲစဖို့တစ်နာရီအလိုရောက်သည့်အချိန်ထိစိုင်းသည် ရေတောင်မချိုးရသေးချေ။
ပထမတော့ စိမ်းစိမ်းကားကား နေနိုင်လွန်းလှသည့် ဆရာ့ကိုအရွဲ့တိုက်ချင်သည့်စိတ်ဖြင့် ပွဲကိုမသွားတော့ဘူးဟု မိုက်ရူးရဲဆန်စွာ ဆုံးဖြတ်လိုက်သေးသည်။ နောက်တော့ ဘယ်တုန်းကမှ ထားရကောင်းမှန်းမသိသော မာနကလေးကဖြစ်ပေါ်လာလေသည်။ သူမလာတာနဲ့ မသွားဘဲ နေလိုက်ရင် သိက္ခာကျတယ်။ ဒါကြောင့် Welcome ကိုမင်းသွားမှဖြစ်မယ် စိုင်းမင်းခန့်။ သူမလာလည်း ဘာမှမဖြစ်ဘူးဆိုတဲ့စိတ်ဓာတ်မျိုး ရှိနေမယ်။ ပွဲကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ သွားကိုသွားရမယ်။
ဤသို့ဆုံးဖြတ်ချက်ချပြီးလိုက်သည်နှင့် စိုင်းသည် ချက်ချင်းပင် ပွဲအတွက် ပြင်ဆင်တော့၏။ ရေမိုးချိုးပြီးနောက် မိမိကိုယ်တိုင် လွန်ခဲ့တဲ့တစ်ပတ်ကျော်က တစ်မြို့လုံးပတ်၍ စိတ်တိုင်းကျလိုက်ရှာဝယ်ခဲ့သော Fitting ကျကျ Suit အဖြူရောင်ကိုဝတ်သည်။
ခေါင်းလျှော်ရည်နံ့သင်းသင်းလေးမွှေး၍ နူးညံ့ပျော့ပြောင်းနေသည့် ဆံပင်များကိုနောက်သို့ လှန်ဖြီးလိုက်ပြီး Spray ဖြန်းလျက် ပုံမပျက်သွားအောင်ထိန်းထားလိုက်သည်။ ထိုအခါ စိုင်း၏ အပြစ်ကင်းစင်သော ချောမောဖြူစင်သည့် မျက်နှာကလေးသည် ရှင်းလင်းသန့်ပြန့်စွာပေါ်လွင်နေတော့လေသည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student