အဆောက်အဦထဲသို့ ဝင်လာခဲ့ပြီး ဓာတ်လှေကားရှိရာသို့ စင်္ကြန်အတိုင်း လျှောက်လာစဉ်မှာ ရုတ်ချည်း သူ့ခြေလှမ်းတွေ နှေးကွေးလေးလံသွားခဲ့၏။ ဓာတ်လှေကားရှေ့မှာ
ရပ်တန့်နေသော ကောင်လေး၏ ခန္ဓာကိုယ်ဘေးတစ်ခြမ်းကို စိုင်းဟုထင်လိုက်မိသည်မှာ ရုတ်တရက် အမြင်အာရုံမှောက်မှားသွားခြင်းကြောင့်ဟု အစက သူ ထင်ခဲ့မိသည်။ နောက် အသေအချာ အာရုံစူးစိုက်ကြည့်လိုက်တော့မှ စိုင်းမှ စိုင်းအစစ်ပဲ။ ဤအချိန်သည် စိုင်း အဆောင်မှာ သူ့ကိုစောင့်နေရမည့်အချိန်ဖြစ်၏။ ဘယ်လိုဖြစ်ပြီး ဆေးရုံရောက်လာတာပါလိမ့်။“ စိုင်း ”
သူ အသာအယာ လှမ်းလျှောက်လာရင်း ခပ်ဆဆ လှမ်းခေါ်လိုက်သည်။ ဖျတ်ခနဲ လှည့်ကြည့်လာသော စိုင်း၏ ညိုမှောင်စူးလက်သော မျက်လုံးများ၌ မျက်ရည်ကြည်များ စိမ့်အိုင်နေခဲ့သည်။ စိုင်း ဘာဖြစ်သွားသလဲဆိုတာကိုလည်း လိမ္မာပါးနပ်စွာပင် သူ ချက်ချင်း ရိပ်မိသွား၏။
စိုင်းသည် သူ့ကိုမြင်သောအခါ မျက်နှာလွှဲပစ်လိုက်ပြီးနောက် ဓာတ်လှေကားတံခါးအတွင်းသို့ လှစ်ခနဲ ပြေးဝင်သွားသည်။
သူ ခပ်မြန်မြန် ပြေးသွားသော်လည်း
မမီတော့ချေ။ ကပ်လျက် ဓာတ်လှေကားတစ်စင်းကလည်း ကြည့်ရသလောက် တော်တော်စောင့်ဆိုင်းရဦးမည်။ သူ လှေကားတွေကနေပဲ အမောတကော ဆင်းလာလိုက်၏။သို့သော် လော်ဘီကိုရောက်သောအခါ စိုင်းကို မမီလိုက်ကြောင်း သူရပ်မိသွားပြီး အဆောက်အဦ အပြင်ဘက်သို့ ထွက်လိုက်လာရသည်။
ဝင်ပေါက်မှာ လူတစ်ယောက်နှင့် ပခုံးချင်းတိုက်မိ၍ ကပျာကယာ တောင်းပန်ခဲ့လိုက်ရသေး၏။ကားပါကင်မှာ စိုင်း၏ ကားရှိနေသေးသော်လည်း ကားထဲမှာတော့ စိုင်းမရှိနေပါ။ ဘယ်ရောက်နေတာပါလိမ့်။ သူ ဟိုဟိုသည်သည် လှည့်ကြည့်ရင်း စိုင်း၏ အရိပ်ကလေးကိုများတွေ့မလားဟု ဒေါင်းတောက်အောင် ရှာဖွေကြည့်မိ၏။ စိုင်းနှင့်တူသော မည်သည့်အရိပ်အယောင်မျှ မတွေ့ရပါ။ ထို့ကြောင့် ပါကင်စောင့် ဝန်ထမ်းလူငယ်လေးကို စိုင်း၏ ပုံပန်းသဏ္ဍာန်၊ အဝတ်အစားအရောင်တို့ကို ပြောပြလျက် မေးမြန်းကြည့်ရသည်။ ဝန်ထမ်းလူငယ်လေးက ဆေးရုံ၏ ပန်းခြံရှိရာ ရေပန်းအဝိုင်းကြီးရာသို့ ထွက်သွားသည်ဟု ညွှန်ပြသဖြင့် သူ ကျေးဇူးတင်စကားပြောပြီး စိုင်းနောက်သို့ အပြေးအလွှားလိုက်လာခဲ့ရသည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student