မန္တလေးသို့ပြန်ရောက်လျှင် ဆရာနှင့်နွေးထွေးပြေလည်သော ဆက်ဆံရေးတစ်ခုဘပြန်လည်ဖြစ်တည်လာအောင်
ဆရာ၏ ကြင်နာစွာ ဂရုစိုက်မှုကို ပြန်လည်ရရှိအောင်၊
စိုင်း တောင်ကြီးမြို့သို့ရောက်နေစဉ် မကြာခဏ စဉ်းစားဖြစ်ခဲ့၏။ သင်္ကြန်အပြီး တက္ကသိုလ်ပြန်ဖွင့်ခါနီးအချိန် ရောက်သောအခါ စဉ်းစားမိခဲ့သောအကြံကို အကောင်အထည်ဖော်ဖို့ အစစအရာရာ အဆင်သင့်ဖြစ်နေခဲ့ပြီ။စိုင်း မခံမရပ်နိုင်လောက်အောင် ကားမူးတတ်ကြောင်း အမေ သိထား၏။ ထို့ကြောင့် မန္တလေးသို့ပြန်ရာ၌ အမေ မသိအောင် ကားလက်မှတ်ကို ခိုးကြောင်ခိုးဝှက် ဖြတ်ထားရသည်။ သားဖြစ်သူနဲ့ပက်သက်ပြီး မှည့်တစ်ပေါက်စွန်းအောင်တောင် အထိအခိုက်မခံနိုင်သော အမေက ကားလမ်းခရီးကိုသေချာပေါက် တားမှာကိုး။
စိုင်းကတော့ ကိုယ့်ယုံကြည်ချက်နှင့်ကိုယ်မို့ ဘယ်လိုအခက်အခဲပဲရှိရှိ မဖြစ်ဖြစ်အောင် ကားနဲ့သွားမည်ဟု ဆုံးဖြတ်ထား၏။ Express ကားစီး၍ အဆောင် ပြန်ရောက်ပါက တစ်လမ်းလုံး အိပ်ရေးပျက်လောက်အောင် အန်ခဲ့ရသည့်အရှိန်ကြောင့် ရင်ဘတ်ထဲ မအီမသာဖြစ်ပြီး သေချာပေါက် ခရီးပန်းကာ ညှိုးနွမ်းနုံးခွေ နေခဲ့လိမ့်မည်။ ထိုအခါ နာမကျန်းဖြစ်သူကိုမြင်လျှင် မနေတတ်သော ဆရာက မိမိကို
နွေးထွေးကြင်နာစွာ ပြုစုယုယပေးလိမ့်မည်ဟု စိုင်း မျှော်လင့်ချက်ကြီးစွာ တွက်ဆသည်။အမေက စိုင်းကို လေယာဉ်ကွင်းသို့ လိုက်ပို့ခဲ့၏။ လေဆိပ်အဆောက်အဦထဲမှာ သားအမိနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်လျက် မျက်ရည်များဝဲလာသည်အထိ အလွမ်းသယ်လိုက်ကြသေးသည်။ အမေ လေယာဉ်ကွင်းထဲကနေ ထွက်သွားပြီး ငါးမိနစ်လောက်ကြာတော့မှ စိုင်းသည် အခြေအနေကြည့်ကာ အဆောက်အဦထဲကနေ ခပ်သွက်သွက် ထွက်လိုက်သည်။ ထို့နောက် ဆင်ဝင်နှင့်အနီးမှာရှိသော တက်ဆီကားတစ်စီးကို ငှားလိုက်ပြီး ကားဂိတ်သို့ ထွက်လာခဲ့ရပါသည်။ ညနေခင်းလောက်မှ ထွက်မည်ဖြစ်သော ကားအား နေ့လယ်တည်းဂိတ်မှာလာထိုင်စောင့်နေသော စိုင်းကို ကားဂိတ်ကဝန်ထမ်းများက နားမလည်သလိုကြည့်နေခဲ့ကြသည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student