“ ဟယ်လို လေးလေးပြော ”
“ အေး မင်းအားလား။ ခဏနေညခုနှစ်နာရီလောက် ”
“ ဟုတ်အားပါတယ်။ ဘယ်မှာမှ သွားစရာမရှိပါဘူး ”
“ အေး ... အဲတာဆို ငါနဲ့ ဒင်နာသွားစားမယ်။ ဒီရက်ပိုင်းငါလဲ ဆေးရုံကိစ္စတွေ ကျောင်းကိစ္စတွေနဲ့ မအားဘူး ဖြစ်နေတာနဲ့ မင်းကို ဂရုမစိုက်နိုင်ဘူး ဖြစ်နေတာ ။
မင်းကြိုက်တဲ့ ဆိုင်ကို ရွေးလိုက်လေ။ လေးလေး
လိုက်ကျွေးမယ် ဟုတ်ပြီလား ”“ ဟုတ်ကဲ့ ”
“ လမ်းလဲကြုံနေတာဆိုတော့ လေးလေးမင်းကို ဆေးရုံကအပြန် တစ်ခါတည်းဝင်ခေါ်လိုက်မယ်လေနော် ”
“ ဟုတ်ကဲ့ရတယ် လေးလေး ”
ဖုန်းချပြီးသည်နှင့် စိုင်းမင်းခန့် ရေမိုးချိုး၊ ဖြီးလိမ်းပြင်ဆင်ရပါတော့သည်။ အခုပဲ ငါးနာရီလေးဆယ့်ငါးရှိနေပြီမဟုတ်လား။
လေးလေးသည် အချိန်အနားကပ်ပြီးအလုပ်လုပ်တတ်သူဖြစ်သော်လည်း အချိန်နောက်ကျတတ်သူမဟုတ်ချေ။
ခုနှစ်နာရီကွက်တိထိုးသည်နှင့် အဆောင်ရှေ့မှာရောက်နေပြီဖြစ်ကြောင်းဖုန်းဆက်လာပါသည်။ ဓာတ်လှေကားပြင်ပြီးသွားသဖြင့် လှေကားတွေကနေ ဆင်းဖို့မလိုတော့ချေ။
လေးလေးကားပေါ်ရောက်သောအခါ စိုင်းက မိမိအင်တာနက်ကနေ မွှေနှောက်၍ ရှာထားသော ရီဗျူးကောင်းသည့်စားသောက်ဆိုင်တစ်ဆိုင်၏ လိပ်စာကိုရွတ်ပြလိုက်သည်။
အဆောင်ကနေ ၁၅ မိနစ်လောက်ကြာအောင်သာမောင်းရသော နေရာ၌ရှိသော ဆိုင်ဖြစ်ပါသည်။ နွေးထွေးသော အဝါရောင်မီးသီးလုံးလေးများဖြင့် ရာသီဥတုအေးသော ဥရောပနိုင်ငံများတွင် တွေ့ရလေ့ရှိသည့် အတွင်းခန်းပုံစံဒီဇိုင်းနှင့်ဆိုင်ကလေးမှာ ဥရောပအစားအစာများ အဓိကရသည်။“ မှာလေ ငါ့တူ ကြိုက်တာမှာ ”
“ အဟား ... အဲအတွက်တော့မပူနဲ့လေးလေး ”
“ အေးပါ အေးပါ။ မင်းအမေ ဖုန်းဆက်လာရင်သာ
ငါအလုပ်ရှုပ်နေလို့ မင်းကိုသိပ်ဂရုမစိုက်ဖြစ်တဲ့အကြောင်းတွေကို ပြန်မပြောနေနဲ့ဦး။ မင်းအမေကသိတဲ့အတိုင်းပဲ။
ငါ့ကို နားငြီးလောက်အောင် ပွားမှာကွ ”
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student