ကိုယ့်ယုံကြည်မျှော်လင့်ချက်နှင့်ကိုယ် ဆေးရုံသို့ညစဉ်ရောက်အောင်သွားပြီး အိပ်ပျော်နေတဲ့ဆရာ့နံဘေးမှာ
မိမိတို့နှစ်ယောက်အကြောင်း ပုံပြင်လေးကို သွားသွားပြောပြနေမိသည့် စိုင်း၏ တစ်ခုတည်းသော ကောက်ရိုးတမျှင်လေးသည် ငါးရက်မြောက်နေ့မှာ လုံးဝ ပြတ်တောက်သွားရတော့၏။ တစ်ရက် စိုင်း အတန်းချိန်တွေကို စိတ်မပါလက်မပါ တက်ရောက်ပြီး ပင်ပန်းနုံးချိနေသဖြင့် တစ်ရေးတစ်မောအိပ်လိုက်မည် ကြံနေခိုက် လေးလေး ရောက်လာခဲ့သည်။ သူ အခန်းတံခါးဖွင့်သောအခါ လေးလေးသည် သူ့ခန္ဓာကိုယ်ကို တွန်းတိုက်လျက် အခန်းထဲသို့ ဇွတ်အတင်းဝင်လာပါသည်။ ပြီးတော့ အခန်းပတ်ပတ်လည်ကိုတစ်ချက်ဝေ့ကြည့်ပြီးနောက် တစ်ချက်လွှတ်အမိန့်ဖြင့် ရာဇသံပေးသည်။“ မင်းငါ့အိမ်ပြန်လိုက်ရမယ် စိုင်း။
အခုချက်ချင်း မင်းပစ္စည်းတွေသိမ်း ”စိုင်းကလည်း မကျေမနပ်ဖြင့် အပြတ်ပြောသည်။
“ ဟင့်အင်း ကျနော် မလိုက်နိုင်ဘူး လေးလေး။ ဘာဖြစ်လို့လိုက်ရမှာလဲ၊ ကျနော် မန္တလေးရောက်ရင် အဆောင်မှာပဲနေမယ်လို့ ပြောထားပြီးသားနော် ”
“ အခုအခြေအနေတွေမှ မတူတော့ဘဲကွ။ မင်းကို တခြားယောက်ျားတစ်ယောက်နဲ့ တစ်ခန်းတည်းအတူနေခွင့် ငါ ဦးလေးတစ်ယောက်အနေနဲ့ အခွင့်အရေးမပေးနိုင်ဘူး၊
ထွန်းကိုကို ဆေးရုံကဆင်းသွားပြီ၊ အဲတာကြောင့် အခုချက်ချင်း မင်းကို ငါလာခေါ်တာ ”“ ဟင် ”
ဒါဆို ကိုယ့် ချစ်သူအိပ်နေတဲ့
အချိန်မှာ ညတိုင်း တကယ့် ဖြစ်ရပ်မှန်
ပုံပြင်လေးတစ်ပုဒ်လာလာပြောနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝ က ပြီးဆုံးခဲ့ပြီပေါ့။
စိုင်း ဟာခနဲ ဝမ်းနည်းသွားရ၏။
ဆရာ၏ အငွေ့သက်များလွင့်ပျံ့ပြည့်နှက်လျက်ရှိသောဒီအခန်းလေးကို စိုင်း ခွဲခွာဖို့ ဘယ်တုန်းကမျှ အဆင်သင့်မဖြစ်ခဲ့ဖူးပါ။“ ကျွန်တော် မလိုက်နိုင်ဘူး လေးလေး၊ ကျနော် ဆရာ့အနားကနေ တစ်ဖဝါးမှ ခွာဖို့တောင်စိတ်ကူးမရှိဘူး ”
“ မင်းမှာ ရှက်စိတ်နည်းနည်းလေးမှတောင် မရှိဘူးလား စိုင်းမင်းခန့်။ အေး ... မင်းမရှက်ဘူးဆိုရင်တောင် ငါတို့ရှက်တယ်။ မင်းအမေရဲ့ဂုဏ်သိက္ခာ၊ ငါ့ဂုဏ်သိက္ခာကို မင်း ထောက်သင့်တယ် ”
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student