Chapter ( 7 ) *

49.4K 4K 110
                                    

" ဟယ်လို ကျော်ဇောလား "

" အေး ... ငစိုင်းပြော "

" ဒီနေ့က ကျောင်းလဲပိ‌တ်တော့လေ
ငါ မန်းလေးမြို့ကိုလျှောက်လည်မလို့။
ငါက လမ်းသိပ်မကျွမ်းဘူး။ မင်းက မန္တလေးသားဆိုတော့ငါ့ထက်ပိုကျွမ်းမှာပေါ့။ အဲတာ မင်း ငါနဲ့အဖော်လိုက်ပေးပါလား။ မင်းကြိုက်တာစား ငါဝယ်ကျွေးမယ် "

" မင်း တကယ်ပြောတာနော် "

" တကယ်ပေါ့ကွ "

" အေး အဲတာဆိုရင် ငါမင်းအဆောင်လာခဲ့မယ်
သုံးမိနစ်ပဲစောင့် "

သုံးမိနစ်လို့သာပြောပေမယ့် တစ်နာရီလောက်ကြာမှ ကျော်ဇောအဆောင်သို့ ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာပါသည်။

" တော်သေးတာပေါ့ သုံးမိနစ်မို့လို့သာပဲ "

" ဟဲဟဲ အဲတာစကားအဖြစ်ပြောတာ။ ရေမိုးချိုးပြီး ဖြီးလိမ်းပြင်ဆင်ရသေးတယ်လေကွာ။ တော်ကြာ သူတောင်းစားရုပ်ပေါက်နေမှာစိုးလို့။ ဒါနဲ့ မင်းဆိုင်ကယ်နဲ့သွားမလား။ ငါ့ဆိုင်ကယ်နဲ့သွားမလား "

" ဟင့်အင်း ... ကားနဲ့သွားမယ် "

စိုင်းက အဆောင်ဝင်း၏ အပြင်ဘက်က အရိပ်ရသစ်ပင်တစ်ပင်အောက်မှာ ရပ်ထားသည့် ကားကို မေးငေါ့ပြလိုက်၏။ ကားတွေအကြောင်းကို စိတ်ဝင်တစားရှိလှသော
ကျော်ဇော၏ မျက်လုံးတွေလက်ခနဲဖြစ်သွားသည်။

" ဟ မိုက်လှချေလား။ ကားကြီးက သစ်လွင်တောက်ပနေတာပဲ။ ဝယ်ထားတာ မကြာသေးဘူးလား "

" အေး။ ငါ့အမေက ဝယ်ပြီး လှမ်းပို့ပေးလိုက်တာ "

" ငါမောင်းကြည့်လို့ရလား စိုင်း "

" အဟား ရတာပေါ့ကွာ။ ငါလည်းလမ်းမကျွမ်းတာနဲ့အတော်ပဲပေါ့။ ငါ့ကားကလဲ မင်းကားပဲ လို့ သဘောထား "

" ကဲ ... ပြောနေတာကြာတယ်ကွာ။ Let's go around Mandalay "

ဤသို့ဖြင့် သူတို့ သူငယ်ချင်း နှစ်ယောက် မန္တလေးတစ်မြို့လုံးကို နှံ့နေအောင်လည်ဖြစ်ကြသည်။ အရင်ဆုံးမဟာမြတ်မုနိဘုရားကို သွားရောက်ဖူးမြှော်ကြ၏။ ထို့နောက်တွင်မှ မြောက်ဘက်သို့ တကူးတကပြန်မောင်းလာကာ
နန်းတွင်းထဲရောက်သွားသည်။ ထို့နောက် ရွှေကျောင်းကြီး၊ ကုသိုလ်တော်။ နောက်ဆုံးမှာမှ မန္တလေးတောင်ကို တက်ကြပါသည်။ ကျော်ဇောက တောင်တက်လမ်းတွေမှာပါ ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်သည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now