Chapter ( 20 ) 21 *

43.5K 3.4K 113
                                    

ဆရာနှင့် စိုင်းတို့ တစ်ယောက်အချစ်ကိုတစ်ယောက် ဝန်ခံမိခဲ့ကြသည့် အဲသည်နေ့ညမှာ စိုင်းလုံးဝ အိပ်လို့မရခဲ့ချေ။
ဆရာ၏ ညင်သာနူးညံ့သော နှုတ်ခမ်းများနှင့် ထိတွေ့ခဲ့ရသည့်အချိန်လေးကို ထပ်ခါထပ်ခါတွေးတောမှန်းဆရင်း ကိုယ့်နှုတ်ခမ်းကိုယ် လက်ချောင်းကလေးများဖြင့် အသာထိကြည့်ပြီး ကြည်နူးပြုံးရွှင်နေလျက်ရှိသည်။ နောက်ပြီး စားသောက်ဆိုင်မှာတုန်းက ဆရာနဲ့အပြန်အလှန်ပြောခဲ့ကြသည့် စကားများကိုလည်း သတိရပြီး ကျေနပ်နေမိ၏။

“ ဆရာ စိုင်းကို ဘယ်တုန်းက စချစ်သွားတာလဲ ”

ဆရာ့ပါးပြင်နှစ်ဖက် ခပ်ရိပ်ရိပ်ကလေး နီမြန်းသွားခဲ့၏။

“ အင်း အဲလိုတော့ အတိအကျပြောဖို့ ခက်တယ် စိုင်းလေးရဲ့။ တချို့ အချစ်တွေက ကိုယ်ကိုယ်တိုင်တောင် သတိမထားမိဘဲ ကိုယ့်နှလုံးသားထဲမှာ တည်ရှိနေတတ်တယ်။အခြေအနေပေးတော့မှ ဝုန်းခနဲ ထပေါက်ကွဲသွားပြီး ရှိမှန်းသိသွားတာမျိုးပေါ့ ”

ရှက်ကိုးရှက်ကန်ပြုံးလျက် မကွယ်မဝှက် ဖွင့်ပြောပြနေခဲ့သော ဆရာသည် ဆွဲဆောင်မှုရှိစွာ ချောမောလျက်ရှိသည်။ စိုင်း ဆရာ့ကို ချစ်မြတ်နိုးစွာ ငေးကြည့်ရင်း
ဒီအမျိုးသားကို ပိုင်ဆိုင်ခွင့်ရခဲ့တာ အိပ်မက်တစ်ခုလိုပါပဲလားဟု ခံစားနေရသည်။ စကားဆုံးတော့  စိုင်း ဆရာ့ကို ချစ်စဖွယ် မျက်စောင်းထိုးမိလေသည်။

“  ဆရာ တမင်လှည့်ပတ်ဖြေတာ သိသားပဲ။
ကဲ ... အဲတာဆိုလဲ  အဲဒီ အချစ်ရှိလာတယ်ဆိုတဲ့အကြောင်း စသတိထားမိသွားတဲ့အချိန်ကိုပြောပြ။ မရဘူးနော် ပြောကိုပြောရမယ် ”

စိုင်းက ကလေးတစ်ယောက် အရုပ်ပူဆာသလို လက်မလျှော့ဘဲ ဇွတ်မေးလိုက်၏။

“ အဟား ဟုတ်ပါပြီ ... ဟုတ်ပါပြီ ... ကိုယ်ဖြေပါ့မယ် ”

ဆရာ သူ့နဖူးသူ လက်ဝါးဖြင့် အသာရိုက်လျက် ခေါင်းတရမ်းရမ်းဖြင့် သဘောကျစွာ ရယ်မောနေခဲ့သည်။ ထို့နောက် စိုင်းသိချင်တာကို အလေးအနက်ထား၍ ဖြေ၏။

“ Welcome တုန်းက စိုင်းလေး ဂစ်တာလေးတီးပြီး သီချင်းဆိုတာလေ၊ အဲဒီ ပုံရိပ်ကလေးကို အခုချိန်ထိ ကိုယ် မမေ့သေးဘူး၊ ရုတ်တရက် ရင်တွေခုန်လာပြီး တစ်ခါတည်း ကိုယ်မင်းကို ချစ်နေမိပါလားဆိုတာ
ရိပ်မိသွားတော့တာပဲ ”

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now