Chapter ( 29 ) *33

46.4K 2.4K 12
                                    

ဆရာ၏ ခါးသီးမုန်းတီးစွာ ငြင်းဆန်မှုကို
စူးစူးနင့်နင့် ကြုံတွေ့လိုက်ရသည့် စိုင်းသည် ဆရာ့ကို မျက်နှာချင်းဆိုင်ဖို့ ကြောက်ရွံ့တွန့်ဆုတ်သွားရတော့သည်။ အခုဆို ဆရာက စိုင်းမင်းခန့် ဆိုတဲ့ကောင်လေးကို မေ့သွားခဲ့ပြီ။
ခါးခါးသီးသီးလဲ ဖြစ်ခဲ့ပြီ။
ရွံတယ်လို့လဲ ပြောရက်ခဲ့ပြီ။
မိမိကိုရင့်သီးစွာပြောဆိုလာမည့် ဆရာ့စကားတွေကိုသာ ဒုတိယအကြိမ်ကြားရလျှင် စိုင်း ရင်ကွဲနာကျပြီး သေသွားလောက်သည်။ သို့သော် စိုင်း ဆရာ့အပေါ် ဘယ်တော့မျှ လက်လျှော့မည်မဟုတ်။ ရှေ့ဆက်ပြီး ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို‌မူ မစဉ်းစားတတ်‌တော့။
ရေအိုင်ထဲမှာ မြင်နေရတဲ့လမင်းကြီး
ကို လှလွန်းလို့ လိုချင်တပ်မက်ပြီး ရေပြင်ကို
လက်နဲ့ သွားထိလိုက်မိတဲ့အခါ ထိလိုက်တဲ့နေရာကစပြီး ရေလှိုင်းဂယက်လေးတွေထလို့
လမင်းကြီး ပုံပျက်သွားတာကြောင့်
ရေပြင်ကို နောက်တစ်ကြိမ်ထပ်ထိဖို့
မကြိုးစားရဲတော့ဘဲ ဒီအတိုင်းပဲထိုင်ကြည့်နေရရှာသည့် ကလေးတစ်ယောက်လို စိုင်းဖြစ်ခဲ့ရပြီ။

" စိုင်း "

ကျော်ဇော၏ ခပ်တိုးတိုးခေါ်သံကြောင့် စိုင်း ဖျပ်ခနဲလှည့်ကြည့်မိသည်။အခုတလော စိုင်းသည် တက်တက်ကြွကြွမရှိဘဲ စိတ်ဖိစီးလျက် အမြဲလိုလို စိတ်နဲ့လူနဲ့မကပ်ဘဲ ညှိုးနွမ်းနုံးခွေနေခဲ့သည်။

" ဟင် ဘာလဲ "

" ဘာတွေငေးနေတာလဲ၊ လက်ချာလိုက်မမှတ်ဘူးလား "

ရှေ့ကို လှမ်းကြည့်လိုက်တော့ White Board
ပေါ်မှာ လက်ချာမှတ်စုတွေရေးပေးနေသော
ဆရာတစ်ယောက်ကိုတွေ့ရ၏။ တကယ်တော့ ယခုအချိန်သည် ဆရာထွန်းကိုကို၏ အချိန်ဖြစ်သော်လည်း ဆရာ၏ လတ်တလော ကျန်းမာရေးအခြေအနေများအရ ဆရာ့အစား တခြားဆရာတစ်ယောက်အစားထိုးဝင်ရောက်သင်ကြားပေးတာဖြစ်သည်။ စိုင်းသည် လက်ချာလိုက်ကူးနေရင်း ဒီစာသင်ခန်းလေးထဲမှာ ဖြစ်ပျက်ခဲ့သော
ဆရာနှင့်သူနဲ့ကြားက အမှတ်တရများကို
ပြန်လည် သတိရလွမ်းဆွတ်ကာ မျက်ရည်ဝဲ
လာခဲ့ရသည်။

အခုတစ်လော စိုင်းသည် နေ့ရက်များကို စိတ်မပါလက်မပါဖြင့် အဓိပ္ပါယ်မရှိစွာ ဖြတ်သန်းနေရသလို ခံစားနေရ၏။
ကြည့်ခဲ့ဖူးသော Coco ဆိုသည့်ကာတွန်းကားလေးထဲက ထိထိရှရှ ခံစားခဲ့ရသော စကားပြောလေးတစ်ခုကို ( ဇာတ်ကားထဲကအတိုင်း အတိအကျမဟုတ်သော်လည်း အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်စွာ ) မကြာခဏ သတိရနေမိသည်။ လူတစ်ယောက်တကယ် သေသွားတာဟာ သူ့ကိုမေ့သွားတော့မှတဲ့။ ဒါဆိုလျှင် ချစ်ရသူ၏ မေ့လျော့ခြင်းကိုခံရသော မိမိ၏ ဘဝဟာ သေသွားသည်နှင့်များ ဘာများကွာခြားသေးလို့လဲ။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now