Part (1)

19.9K 891 22
                                    

Unicode

"ဝမ်ရိပေါ်....ဘယ်အချိန်ရှိနေပြီလဲ ထတော့။ ဇီးကွက်လိုအကောင်...ညဘက်ကျမအိပ်ဘူး။ မနက်ကျရင် ကုလားသေကုလားမောအိပ် သူတစ်ယောက်ပဲအိပ်ရေးပျက်နေတဲ့အတိုင်း ငါ့ကျတော့ ထမင်းဟင်းလဲချက်ရ၊ လျှော်ရဖွပ်ရ။......"

ဒါကတော့ မနက်တိုင်း ရိပေါ်အိပ်ရာနိုးထနေကြရှောင်းကျန့်၏ တေးသံသာဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက် သုံးနှစ်အတွင်း ရှောင်းကျန့်က ပွစိပွစိအရမ်းပြောတတ်လာသည်။ ထစ်ခနဲရှိလဲ စိတ်ကောက်တတ်တုန်း။ အသက်သာ သုံးဆယ့်နှစ်နှစ်ရှိသွားတာ ရှောင်းကျန့်က ရိပေါ်ကို ကလေးလိုဆိုးနေဆဲ။ ရိပေါ်ကလဲ တမင်စိတ်မဆိုးဆိုးအောင်စနေဆဲ။ နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့တတ်တဲ့ သူ့ကိုကိုက ကမ္ဘာမှာအလှဆုံးမလား။

"စောစောစီးစီးဗျာ...ပွစိပွစိမလုပ်စမ်းပါနဲ့"

"ဝမ်ရိပေါ်....သွားရေသွားချိုးတော့...အဝတ်အစားလဲထုတ်ထားပြီးပြီ။ ထမင်းလည်းခူးထားပြီးသားအဆင်သင့်ပါ ကိုယ်တော်လေး"

"ကျွန်တော့အိမ်ရှင်မလေးက တာဝန်ကျေလိုက်တာ"

"ဘောကို အိမ်ရှင်မ၊ အဲ့အိမ်ရှင်မက မင်းလိုပဲ ပစ္စည်းပါတာ သတိရ"

"မယုံဘူးပြ...."

"သူတောင်းစားလေး စောစောစီးစီးနော်...ဟင်း...သွားစမ်းကွာ...အခုရေသွားချိုးမလား မင်းskateboard ကြီးလွှင့်ပစ်လိုက်ရမလားပြော"

"အကြီးဆိုပြီး အနိုင်ကျင့်တယ်နော်...တော်တော်ဆိုး"

ရှောင်းကျန့်က ရိပေါ်ရဲ့ တင်ပါးကိုပြေးကန်လိုက်မှ တဟားဟားအော်ရယ်ရင်း ရေချိုးခန်းထဲဝင်ပြေးသွားသည်။

တံခါးဘဲလ်သံကြောင့် ရှောင်းကျန့်တံခါးဖွင့်လိုက်တော့ သူ့ဆီပြေးဝင်လာတဲ့ angela လေး။

"အိုက်ယား...သမီးလေးက...ပါးပါးကျန့်ကိုလွမ်းနေတာလား"

ရှောင်းကျန့်က ကောက်ချီလိုက်တော့ ရှောင်းကျန့်ပါးကို တရွှတ်ရွှတ်နမ်းလေသည်။ အသက်နှစ်နှစ်အရွယ် angelaလေးက အရုပ်မလေးလို လှပြီးအရမ်းချစ်စရာကောင်းသည်မို့ ရှောင်းကျန့်၏ အသည်းကျော်လေးဆိုလဲမမှား။ သူ့သူငယ်ချင်း မုန့်ဇီယီနှင့် ကျိုးချန်၏ သမီးလို့ပြောလျှင် ယုံစရာတောင်မရှိ။

My Dear Enemy (season-2)Where stories live. Discover now