Part (13)

5.5K 543 11
                                    

Unicode

ညသန်းခေါင်ရောက်မှ ဖုန်းအသံကြောင့် ရှောင်းကျန့်နိုးသွားပြီးကြည့်လိုက်တော့ ရိပေါ်ဖုန်းဆီမှ။

"🎵🎵🎵🎵🎵"

"ရိပေါ်....ဖုန်းလာနေတယ်လေ"

"အင်း....ဒီအချိန်ကြီးဘယ်သူပါလိမ့်"

မသိတဲ့ဖုန်းနံပါတ်အစိမ်းတစ်ခုကြောင့် ရိပေါ်ဇဝေဇဝါဖြစ်သွားသည်။

"ဟဲလို....ဪ...ယဲ့လီ....အင်းဘာဖြစ်လို့လဲ........"

ယဲ့လီဆိုတဲ့ အသံကြားတာနှင့် ရှောင်းကျန့်နားစွင့်နေလိုက်သည်။

"ဘယ်အချိန်တုန်းကလဲ....မကြောက်နဲ့စိတ်အေးအေးထား....အင်းငါလာခဲ့မယ်....အင်း...."

ဖုန်းပြောပြီးတော့ ရိပေါ်က အဝတ်အစားထလဲလိုက်သည်။

"ကိုကို ကျွန်တော်အပြင်ခဏသွားလိုက်ဦးမယ်"

"ဘယ်ကိုလဲ ညည့်နက်နေပြီကို မနက်မှသွားပါလားဟင်"

"မကြာပါဘူး ခဏပါပဲ....မွ....ပြန်အိပ်လိုက်နော် ကျွန်တော့်ကို စောင့်မနေနဲ့"

"အင်း မြန်မြန်ပြန်လာခဲ့နော်"

ရှောင်းကျန့်ပုံစံက အပြင်မှာ​ခြေများနေတဲ့ လင်ယောကျ်ားဖြစ်သူကို အပျော့ဆွဲနဲ့ မှာနေရှာတဲ့ ဇနီးမယားနှင့် တူနေသည်။ 'ငါစိတ်တွေလေးနေတယ် ဘာကြောင့်မှန်းမသိဘူးကွာ'

ရှောင်းကျန့်တစ်ညလုံးထိုင်စောင့်နေပေမဲ့ ရိပေါ်ပြန်မလာခဲ့ပါ။ မိုးလင်းတော့မှ ရှောင်းကျန့်တစ်ယောက် ပန်ဒါမျက်လုံးတွေနှင့် ရုံးကိုသွားရသည်။

"Captain.....ဆရာရောက်လာပြီ"

"....ကိုကို ညကလေကျွန်​တော်"

"အာ....ရတယ်....ကိစ္စမရှိပါဘူး တစ်ခါတလေဖြစ်တတ်ပါတယ်"

"တကယ် ကိစ္စမရှိဘူး​နော်ကိုကို"

"အ..အင်း"

"တော်သေးတာပေါ့ ကျွန်တော်က ကိုကိုစိတ်ဆိုးမယ်ထင်နေတာ....."

"စိတ်မဆိုးပါဘူး"

'စိတ်မကောင်းဖြစ်တာပါ အမှန်တော့မင်းကိုမေးချင်တဲ့ မေးခွန်းတွေအများကြီး...ဘာလို့အိမ်ပြန်မလာတာလဲ။ ဘာလို့ဖုန်းလေးတစ်ချက်တောင် လှမ်းမဆက်ရတာလဲ။ ဘာလို့ လက်ထပ်ပြီးသား ယောကျ်ားတစ်ယောက်က အခြားမိန်းကလေးတစ်ယောက်ဆီသွားရတာလဲ ဆိုတဲ့မေးခွန်းတွေမေးလိုက်ချင်တာ ဒါပေမဲ့ မင်းပြန်ဖြေမဲ့အဖြေကို နားမထောင်ရဲဘူး။'

My Dear Enemy (season-2)Where stories live. Discover now