Part (4)

6.3K 607 20
                                    

Unicode

ရှောင်းကျန့်က ဆေးရုံမှာ သုံးရက်လောက်ပဲနေလိုက်ရသည်။ နေပြန်ကောင်းလာတော့ ရုံးတက်ရန်ပြင်နေသည့် သူ့ကို ရိပေါ်က တစ်ချက်လွှတ်အမိန့်ဖြင့် အိမ်မှာပဲနေခိုင်းထားသည်။ သူ့နောက်တစ်ကောက်ကောက်လိုက်ချင်နေသည့် ယုန်ပေါက်က စိတ်ကောက်ကျန်နေခဲ့ပြီး ရိပေါ်တစ်ယောက်ထဲ ရုံးကိုထွက်လာခဲ့သည်။

"Captain သံသယရှိသူ ဆေးသမားက အခင်းဖြစ်ပွားတဲ့ အချိန် ရဲစခန်းမှာ ရှိနေတာပါ။ အဲ့ဒီနေ့က ဆေးမူးပြီး သောင်းကျန်းနေလို့ အိမ်နီးချင်းတွေက ရဲစခန်းကို ဖုန်းဆက်ပြီးလှမ်းတိုင်လိုက်တာပါတဲ့"

"အဲ့တာဆိုကျန်တဲ့ နှစ်ယောက်က မိန်းကလေးနဲ့ အဘကြီး ပဲ"

"သူတို့နှစ်ယောက်လဲ မ​ဖြစ်နိုင်ဘူးထင်တာပဲ"

ရိပေါ်က တစ်စုံတစ်ခုကို အသေအချာစဥ်းစားပြီးနောက်

"ယွီပင်း....အဘကြီးရဲ့ မြေးက ဘယ်တက္ကသိုလ်တက်နေတာလဲ"

"M တက္ကသိုလ် ကဆေးပညာဌာနပါ။ နာမည်က ကျို့ရှောင်တဲ့"

"အဲ့ဒီကို သွားရမယ်"

"ဟုတ်ကဲ့ Captain"

ရိပေါ်နှင့် ယွီပင်းတို့ M တက္ကသိုလ်ရှိ ဆေးပညာဌာနသို့ သွားလိုက်ကြသည်။

"တစိတ်လောက် ညီလေး ဒီမှာ ကျို့ရှောင်ကျောင်းသားရှိလား"

"ဟိုနားမှာ စာထိုင်ဖတ်နေတဲ့ တစ်ယောက်ပါ"

ထိုကျောင်းသား ပြသည့်နေရာကို ကြည့်လိုက်တော့ မျက်မှန်အဝိုင်းလေးတပ်ထားပြီး စာကိုသဲကြီးမဲကြီးဖတ်နေသည့် ကျောင်းသားတစ်ယောက်ကို တွေ့လိုက်သည်။

"ဒီကညီလေးက ကျို့ရှောင်လား"

ကျောင်းသားလေးက မော့ကြည့်လာပြီး အနဲငယ်လန့်သွားပုံရသည်။

"ဟုတ်...ဟုတ်ပါတယ် အစ်ကိုတို့က ဘယ်သူတွေလဲ"

"အစ်ကိုတို့က ရဲတွေပါ ညီလေးကိုမေးစရာလေးရှိလို့ အစ်ကိုတို့နဲ့ လိုက်ခဲ့ပေးနိုင်မလား"

ကောင်လေးက အင်တင်တင်နဲ့ပဲ လိုက်ဖို့သဘောတူလိုက်သည်။

"ကျွန်တော့်ကို ဘာမေးချင်တာလဲ ခင်ဗျာ"

My Dear Enemy (season-2)Where stories live. Discover now