Part (41)

4.6K 514 46
                                    

Unicode

ရှောင်းကျန့်က vivian ပြောသည့်စကားများကို ကလေးတွေစာရွတ်သလို ရိပေါ်ကို တစ်ခွန်းမကျန်ပြန်ပြောပြလိုက်သည်။ ပြောပြီးတော့ သူ့အဖြေမှန်မမှန်စောင့်နေသည့် ကလေးလို ရိပေါ်ကို အကဲခတ်နေလိုက်သည်။

"ကိုကိုက သူပြောတာကို အကုန်ယုံတာပဲလား"

"ယုံတယ်လို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူအမှန်ပြောတာပဲဖြစ်မှာပါ။ သူပြောတာဟုတ်မဟုတ် မင်းစစ်ဆေးကြည့်ပေါ့"

"အင်း ကိုကို သူနဲ့အရမ်းမရောနဲ့ ကိုကိုပြောသလိုသာဆိုရင် လူသတ်သမားက vivian နဲ့သတင်းထွက်တဲ့ လူမှန်သမျှသတ်ပစ်မယ့်ပုံရှိတယ်။"

"ကိုကိုမရောပါဘူးကွာ"

"ပြီးရော အဲ့တာဆို ကျွန်တော်အလုပ်ပြန်လုပ်ဦးမယ် ကိုကိုအနားယူချင်ယူတော့လေ"

"အွန်း"

ရိပေါ်က နောက်ပိုင်းအမှုတွေမှာ ရှောင်းကျန့်ကို သိပ်ဝင်မပါခိုင်းတော့ဘူး။ ရှောင်းကျန့်ကို အမှုအကြောင်းတော့ တစ်ခါတလေတိုင်ပင်တတ်သည်။ အကူအညီလိုတဲ့အခါဆိုလဲပြောတတ်သည်။ သူသွားလေရာတော့ခေါ်မသွားတော့။ သူကရှောင်းကျန့်ကို အေးအေးဆေးဆေးပဲနေစေချင်တယ်။ ရှောင်းကျန့် အန္တရာယ်တစ်စုံတစ်ရာကျရောက်မှာကိုလဲ စိတ်ပူသောကြောင့်ပင်။

"ကိုကို လူသတ်သမားကတော်တော်အပုန်းကောင်းတယ်။ ကျွန်တော်တို့ အစအနကို ရှာလို့မရဘူး။ ကျွန်တော်တွေးထားတာတစ်ခုတော့ရှိတယ်"

ရိပေါ်က အခန်းကိုပြန်ရောက်တော့ ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ညည်းတွားလိုက်သည်။

"အင်းဘယ်လိုတွေးထားတာလဲ"

ရှောင်းကျန့်က ဆိုဖာပေါ် ထိုင်နေတဲ့ ရိပေါ်မျက်နှာလေးကို နောက်လှန်လိုက်ကာ မျက်ခုံးနှစ်ခုကြားနဲ့ နားထင်လေးကို ဖွဖွလေး နှိပ်ပေးလိုက်သည်။

"သူထွက်လာအောင်မျှားမလို့"

"ဘယ်သူနဲ့မျှားမှာလဲ"

"အဲ့တာမစဥ်းစားရသေးဘူး။ ယွီပင်းကိုပဲလုပ်ခိုင်းရမလား"

My Dear Enemy (season-2)Where stories live. Discover now