Part (15)

6.1K 593 38
                                    

Unicode

ရှောင်းကျန့် အကူအညီတောင်းထားသည့် chemical ပစ္စည်းကိစ္စကို Beijingမှ သူ့သူငယ်ချင်း ကျားချန်က အကြောင်းပြန်လာသည်။ ရှောင်းကျန့် စစ်ဆေးကြည့်တော့ ထိုပစ္စည်းက သူထင်ထားသည့်အတိုင်း America မှလာသောပစ္စည်းဖြစ်နေသည့်အပြင် ထိုchemical ပစ္စည်းမျိုးက တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးများတွင် အပြင်းစားမေ့ဆေးအဖြစ်သုံးတတ်သည်။ ယဲ့လီက တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှာ အလုပ်လုပ်သူဆိုတော့ ရှောင်းကျန့်၏ သံသယမှာ ပိုခိုင်လုံသွားသည်။

"ဒီကိစ္စရိပေါ်သိမှဖြစ်မယ်။ ဒီတစ်ခေါက်တော့ မင်းငါ့ကိုယုံကြည်ပေးရလိမ့်မယ် ရိပေါ်"

ရှောင်းကျန့် ရိပေါ်ကို ရုံးမှာလိုက်ရှာတော့မတွေ့။ ကျင်းရီက အောက်ထပ်မှာ ​မြင်လိုက်သည်ဆိုသောကြောင့် ထိုနေရာကို လိုက်သွားတော့ ယဲ့လီနှင့် ကော်ဖီထိုင်သောက်နေသည့်ရိပေါ်ကို တွေ့လိုက်သည်။

"ရိပေါ်....သူ့ကိုမယုံနဲ့ သူကတရားခံပဲ"

ရှောင်းကျန့်က ယဲ့လီကို လက်ညှိုးထိုးပြီးပြောလိုက်တော့ ရိပေါ်က တွန့်ချိုးနေတဲ့မျက်ခုံးအစုံနဲ့ ရှောင်းကျန့်ကို စိုက်ကြည့်လာသည်။ ယဲ့လီကတော့ အံ့သြနေသည်။

"ဒေါက်တာဘာကိုဆိုလိုချင်တာလဲရှင်"

"ဟန်ဆောင်မနေပါနဲ့ မင်းကတရားခံမလား ငါ့မှာသက်သေရှိတယ်"

"ကျန့်ကော သူများကိုလိုက်မစွပ်စွဲရဘူးလို့ ကျွန်တော်ပြောထားတယ်မလား။ ပေးအဲ့ဒီသက်သေဆိုတဲ့ စာရွက်....."

ရိပေါ်က ရှောင်းကျန့် လက်ထဲကစာရွက်ကို ယူပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင်ဆွဲဖြဲလိုက်သည်။ ရှောင်းကျန့်က ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေရှာသည်။

"နောက်တစ်ခါ ယဲ့လီကို မစွပ်စွဲပါနဲ့ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ ကျန့်ကော ဒါကျွန်တော် Captain တစ်ယောက်အနေနဲ့ရော ခင်ပွန်းတစ်ယောက်အနေနဲ့ပါ သတိပေးတာ"

"ဝမ်ရိပေါ်....မင်း.....မင်းတကယ်ပဲ ရူးနေပြီ...ဟျောင့်မင်းရူးနေပြီသိလား.....ခုနကမင်းဖြဲလိုက်တဲ့ စာရွက်လိုပဲ ငါမင်းအပေါ်ထားတဲ့ အချစ်တွေရော ယုံကြည်မှုတွေရော အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီကွ"

My Dear Enemy (season-2)Where stories live. Discover now