Part (16)

6.2K 593 36
                                    

Unicode

ရှောင်းကျန့် တံခါးဖွင့်ကြည့်လိုက်တော့ ရိပေါ်က တံခါးနားမှာ ခွေခွေလေးလဲနေသည်။ တစ်ကိုယ်လုံးလဲ မိုးရေတွေစိုရွဲနေသည်။ရှောင်းကျန့်စိုးရိမ်တကြီးနှင့် ရိပေါ်ကို ခေါ်ကြည့်တော့ခေါ်လို့မရ။ အဖျားတက်ပြီး ကိုယ်တွေလဲပူနေသည်။ထို့ကြောင့် ရှောင်းကျန့်က ရိပေါ်ကို အိမ်ထဲသွင်းပြီးတော့ အဝတ်အစားလဲပေးလိုက်သည်။

"အင်း.....ကိုကို"

ခဏနေတော့ ရိပေါ်သတိပြန်လည်လာပြီး ရှောင်းကျန့်ကို တွေ့တော့အံ့သြသွားသည်။

"ကျွန်တော်ဒီကိုဘယ်လိုရောက်လာတာလဲ...ကိုကိုကျွန့်တော့်ကို ခေါ်လာတာလား ကျွန်တော့ကို ခွင့်လွှတ်လိုက်ပြီလားဟင်"

"မင်းကငါ့အိမ်ရှေ့မှာ သတိလစ်နေလို့ ခေါ်လာတာ"

"ကိုကို ကျွန်တော့်ကို ပစ်မထားရက်လို့ ခေါ်လာတာမလား ကိုကိုကျွန်တော့်ကို ချစ်လို့ခေါ်လာတာပေါ့"

"မင်းနေရာမှာ အခြားတစ်ယောက်ဆိုလဲ ငါဒီလိုပဲလုပ်မှာ ငါကဆရာဝန်လေ"

"ကိုကို.......ကျွန်တော့်ကို အဲ့လောက်ထိမစိမ်းကားပါနဲ့ဗျာ ကျွန်တော်တောင်းပန်ပါတယ်။"

"သက်သာလာပြီဆိုရင် ပြန်တော့ မင်းမသွားရင် ငါသွားမယ်"

"ကိုကိုမသွားပါနဲ့ ကျွန်တော်ပဲသွားပါ့မယ်"

ရိပေါ်က သူ့ရေစိုအဝတ်တွေကို ယူပြီးတိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်သွားခဲ့သည်။
________________________
"ဆရာ အလုပ်ကိုပြန်လာခဲ့ပါဗျာ"

"ဟုတ်ပါတယ်ဆရာရယ် ကျွန်တော်တို့မှာ ဆရာမရှိလို့မဖြစ်တာသိရဲ့သားနဲ့"

ရိပေါ်မှလွဲ၍ MCI အဖွဲ့သားတွေအကုန် ရှောင်းကျန့်အိမ်လိုက်လာပြီး အလုပ်ပြန်တက်ဖို့ ဖြောင်းဖြနေကြသည်။

"ငါမင်းတို့ကိုအားနာပါတယ် ဒါပေမဲ့ ငါပြန်မလာချင်ဘူး"

"ဆရာ အခုအမှုသစ်ပေါ်နေပြီ အဲ့အမှုက လွန်ခဲ့တဲ့ငါးနှစ်က ကွင်းဆက်လူသတ်မှုလိုပုံစံမျိုးဗျ"

"ယွီပင်း မင်းပြောတာက"

"ဟုတ်တယ် ဆရာ သေဆုံးသူတွေရဲ့ နဖူးမှာ revenge sign ကို သွေးနဲ့ရေးထားတာ။ ဒီအမှုမှာတော့ သေဆုံးသူတိုင်းက အရိုးတွေအကုန်အချိုးခံထားရတယ်ဗျ"

My Dear Enemy (season-2)Where stories live. Discover now