Part (9)

5.8K 580 14
                                    

Unicode

"သမီးလေးရေ ပါးပါးကျန့်လာတယ်"

"ပါးပါးကျန့်"

ရှောင်းကျန့်ကို တွေ့တာနဲ့ ချက်ချင်းပြေးဖက်လိုက်တဲ့ Angela လေးပါ။

"ပေါ်ပေါ်ရော ပါလား"

"ပါတယ်"

"စက်ဘီးသွားစီးမယ်ပေါ်ပေါ်"

"မစီးချင်ဘူး"

"လာပါပေါ်ပေါ်ရဲ့ ဒီမှာကလူကြီးတွေ စကားပြောကြမှာလေ"

"အဲ့တာဆို ငါကကလေးလား"

"ဟီးဟီး....ပေါ်ပေါ်က မီးမီးရဲ့ သူငယ်ချင်းလေ"

"လိုက်သွားလိုက်ပါကွာ ကလေးနှစ်ယောက်တည့်အောင်ဆော့ကြနော်"

"ကိုကိုကဗျာ"

ကလေးနှစ်​ယောက်ထွက်သွားမှ ရှောင်းကျန့်ဟင်းချက်နေသည့် ဇီယီကို ကူလုပ်ပေးနေလိုက်သည်။

"အခုတလောကလေးတွေပျောက်နေတယ်နော်"

"အေး ငါလဲကြားတယ် သမီးကို သူ့အဘိုးအဘွားအိမ်သွားသွားပို့ထားတာဆိုတော့ သေချာမှာရတယ် အပြင်မထွက်ဖို့"

"သူ့အဖေရော မရှိဘူးလား"

"Shanghai ကို ဆေးပညာဆွေးနွေးပွဲသွားတယ်"

"အဲ့အကောင်ကတော့ အလုပ်ပဲဖိလုပ်နေတယ်။ ကိုယ့်မိသားစုကိုကျဂရုမစိုက်ဘူး"

"ကျန့်ကျန့်ရဲ့ သူလဲ ငါနဲ့သမီးလေးအတွက် ကြိုးစားနေတာပဲလေ"

"နင်ကနဲနဲပါးပါး သူ့ကိုအနားကပ်နေအောင်မြှူစွယ်ပါ့လား"

"ဟဲ့ ငါ့ကိုနင့်လိုများမှတ်နေလား..."

"ငါကဘာလုပ်နေလို့လဲ"

"နင်ဘာလုပ်ထားလဲ နင်ပဲသိမှာပေါ့ ငါတို့ရဲ့ ငယ်ရွယ်တဲ့ ရိပေါ်လေးက နင့်လိုအိုကြီးအိုမကို စွဲလမ်းနေအောင်လေ"

"ဟဲ့ ငါ့ဘာသာဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းနေတာတော့ ငါလဲမတတ်နိုင်ဘူး"

"ပြောရဲတယ်နော်နင်"

"အဲ့တာအသာထားဦး သမီးကို သေချာဂရုစိုက် အခုကျိုးချန်ကလဲ အိမ်မှာရှိတာမဟုတ်ဘူး။ နင်တို့သားအမိနှစ်ယောက်ထဲ။ နင့်မိဘအိမ်ပြန်နေလိုက်ပါလား။ အလုပ်လဲခွင့်ယူထားလိုက်ပေါ့"

My Dear Enemy (season-2)Where stories live. Discover now