Unicode
"ရိပေါ် ကိုကို့ မုတ်ဆိတ်ရိတ်တဲ့ စက်ကော"
"ကျွန်တော်မကိုင်ဘူး"
"ဒီအိမ်မှာ မင်းနဲ့ငါပဲ ရှိတာမင်းမကိုင်လို့ ဘယ်သူကိုင်မှာလဲ"
"ကိုကိုကိုင်တာနေမှာပေါ့"
"ကျစ်.....လိုတယ်ဆိုရင်ပျောက်ပြီကွာ"
ကွင်းဆက်လူသတ်မှုပြီးသွားတော့ ရဲမှူးဝမ်ကျောက်ဟန်က သားနှင့်သားမက်လေးအတွက် ဂုဏ်ပြုပွဲလေးလုပ်ပေးမည်ဆို၍ ရှောင်းကျန့်က အပီအပြင်ရွှိုင်းသွားဖို့ မနက်ကတည်းက ယောက်ယတ်ခတ်နေသည်။
"ရှောင်းမာမား နဲ့ပါပါးကောရောက်တော့မှာလား"
"အေးခုနက ထွက်လာကြပြီတဲ့ ဖုန်းဆက်တယ်"
"အင်း"
"တွေ့ပြီ ငါ့စက်လေး ဘယ်လိုလုပ် အဝတ်လျှောက်စက်ထဲရောက်နေတာလဲ ဝမ်ရိပေါ်"
"ကျွန်တော်မသိလိုက်ဘူး ကိုကိုက အဝတ်လျှော်လိုက်ဆိုတာနဲ့ ဒီတိုင်းသိမ်းကျုံးပြီး ထည့်လိုက်တာ"
"အေးပါ မင်းကိုခိုင်းမိတာကိုက ငါ့အမှား"
"နောက်ဆိုမခိုင်းနဲ့တော့ပေါ့ကိုကိုရယ်"
"တော်တော်အားကိုးရတာပဲ ဟွန်း.....ငါမေးဦးမယ် ဝမ်ရိပေါ် ဘာလို့မင်းကျနှုတ်ခမ်းမွှေးတွေခြေသလုံးမွှေးတွေ မပေါက်တာလဲ။ မ,ဟော်မုန်းတွေများနေလို့လား။ ယောကျ်ားမစစ်လို့ဖြစ်မယ် ဟားဟား"
"အဲ့တာကအဓိကမကျပါဘူး။ အဓိကက ကျွန်တော်ကအပေါ်က ကိုကိုကအောက်က"
"ခွပ်......"
"အား.....နာတယ်ကိုကိုရ"
ရှောင်းကျန့်က ရေမွှေးပုလင်းနဲ့ကောက်ထုလိုက်ခြင်းပါ။
"တစ်ရက်လောက်အောက်ကနေကြည့်လေ ဘယ်လိုလဲသိသွားအောင်"
"ကိုကိုကအသက်ကြီးပြီပင်ပန်းနေပါ့မယ်"
"ခွေးစုတ်လေး"
"အား.....နာတယ်....မစတော့ဘူး လွှတ်...."
ရှောင်းကျန့်က ရိပေါ်မနက်ကထဲကသနေသည့် ဆံပင်ကို ဆုပ်ကိုင်ပြီးဆွဲလိုက်တော့ ရိပေါ်က အသံဗြဲနဲ့ထအော်တော့သည်။
YOU ARE READING
My Dear Enemy (season-2)
FanfictionMy dear enemy season-1 ရဲ့ အဆက် season-2 မှာ ပိုro ကြမယ်။ ပို drama ချိုးမယ်။ ပိုရှုပ်ထွေးတဲ့မှုခင်းတွေပါလာမယ်။ *ပိုမှောင်လာမယ်*။