Part (18)

5.9K 603 30
                                    

Unicode

ရိပေါ်အိပ်ရာနိုးတော့ ရှောင်းကျန့်ကို လိုက်ရှာပေမဲ့ မတွေ့။ မီးဖိုချောင်ထဲမှာတော့ မနက်စာကို အုပ်ဆောင်းနှင့်အုပ်ထားပြီး ဘေးမှာစာလေးတစ်စောင်ထားထားသည်။

"ဟင်းရည်အေးသွားရင်
ပြန်နွှေးပြီးစားလိုက်
စားပြီးရင် ဆေးသောက်ဖို့မမေ့နဲ့။
ပြီးတော့
မင်းကို ကျင်းရီလာခေါ်လိမ့်မယ်။"

ရိပေါ်စာလေးကို နှုတ်ခမ်းနဲ့ ကပ်ပြီးနမ်းလိုက်သည်။ ကိုကို့ရဲ့ ဂရုစိုက်မှုလေးတွေရနေသေးလို့ သူပျော်ပါသည်။

MCI ရုံးခန်း

ကျင်းလင်က စတုတ္ထမြောက်သေဆုံးသူ၏ ဓာတ်ပုံကို board တွင်ကပ်လိုက်ပြီး သေဆုံးသူ၏ profile ကို ရှင်းပြနေသည်။ ရိပေါ်က ရှောင်းကျန့်ကို မကြည့်မိဖို့ကြိုးစားရင်း အလုပ်ထဲအာရုံနှစ်ထားရသည်။

"နောက်ထပ်သေဆုံးသူက အသက်သုံးဆယ်အရွယ်အမျိုးသားတစ်ဦးပါ။ သူက KT group CEO ရဲ့သား၊ သူကိုယ်တိုင်ကလဲ KT company မှာ မန်နေးဂျင်းဒါရိုက်တာတစ်ယောက်ပါ၊ အသက်ငယ်ငယ်နဲ့ အလုပ်မှာအောင်မြင်ပြီး ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပါတယ်တဲ့။ မသေဆုံးခင် နှစ်ရက်အလိုမှာ korea ကို အလုပ်ကိစ္စနဲ့သွားပြီး korea ကအပြန်လေဆိပ်ကအထွက်မှာ ပျောက်သွားတာပါ။ နောက်ရက်ကျတော့ နေအိမ်မှာ သေဆုံးလျက်သားတွေ့ခဲ့ပါတယ်"

"တရားခံက လာကြိုတဲ့သူဟန်ဆောင်ပြီးဖမ်းခေါ်သွားခဲ့တာပဲ။ လေဆိပ်ထဲတော့ ဝင်မှာမဟုတ်ဘူး ဒရိုင်ဘာအနေနဲ့ပဲ ကားထဲမှာစောင့်နေလောက်တယ်"

"ဟုတ်ကဲ့ လေဆိပ်က CCTV ကိုစစ်ဆေးကြည့်ပြီးပါပြီ တရားခံကိုမတွေ့ပါဘူး။ ကားပါကင်က CCTV ကလဲဖျက်ဆီးခံထားရပါတယ်။"

"အသတ်ခံရတဲ့ ပုံစံကတော့ အရင်အလောင်းတွေအတိုင်း အရိုးတွေကျိုးပြီး လက်ကောက်ဝတ်ကို ဓားနဲ့လှီးထားတယ်။ မတူတာတစ်ခုက အလောင်းရဲ့မျက်နှာမှာ ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေတွေ့တယ်။"

"Captain....အစ်ကို ယွီပင်းက လူသတ်ကွင်းဖြစ်နိုင်ချေရှိတဲ့နေရာကို တွေ့ပါပြီတဲ့"

"မြို့ပြင်မှာလား ကျင်းရီ"

"ဟုတ်ကဲ့ Captain"

My Dear Enemy (season-2)Where stories live. Discover now