Part (28)🚨

7.3K 536 9
                                    

🚨🚨🚨

Unicode

"ရိပေါ် ကိုကိုက မိန်းကလေးမဟုတ်ပေမဲ့ မင်းကို ကောင်းကောင်းပြုစုပေးနိုင်တယ်မလား"

"ကိုကို အဲ့လိုကြီးမပြောပါနဲ့ဗျ"

ရိပေါ်က မျက်နှာရော နားရွက်ဖျားတွေပါ ရဲလာတဲ့အထိ ရှက်သွေးဖြာနေသည်။

"ခုမှဘာလို့ရှက်နေတာလဲ အရင်ကရှက်ကြောပြတ်နေတဲ့ ဝမ်ရိပေါ်မှ ဟုတ်ရဲ့လား"

"မရှက်ပါဘူး"

"ဟွန်း...ဟုတ်လား"

ရှောင်းကျန့်ရဲ့လက်ချောင်းသွယ်သွယ်လေးတွေက ရိပေါ်ရဲ့ ရင်ဘတ်ပေါ်ပြေးလွှားနေသည်။ ထို့နောက် ရိပေါ်ကို တစ်ချက်နမ်းပြီး သူ့ကိုယ်ပေါ်မှအဝတ်များကို သူကိုယ်တိုင် တစ်လွှာချင်းချွတ်နေသည်။ ရိပေါ်က မျက်နှာရဲရဲကို တစ်ဖက်လှည့်ထားသည်။

"ဒါကဝမ်ရိပေါ်ကြီးရှက်နေတဲ့ပုံပေါ့လေ နေဦး ဓာတ်ပုံရိုက်ယူထားဦးမယ်"

"မရိုက်နဲ့"

"ကိုကို့ကို ကြည့်ရိပေါ်"

ရှောင်းကျန့်က ဘောင်းဘီခါးပတ်ကို ဆွဲဖြုတ်လိုက်ပြီး ရိပေါ်ရဲ့ လက်နှစ်ဖက်ကို ပူးချည်လိုက်သည်။

"ဘာလုပ်မလို့လဲဟင်"

"ဘာလုပ်မယ်ထင်လဲ"

ရှောင်းကျန့်က အဝတ်တွေအကုန်ချွတ်ပစ်လိုက်ပြီး ရိပေါ်ကိုယ်ပေါ်ကို ခွတက်လိုက်သည်။

"ကျန့်ကော"

"ဘာဘယ်လိုခေါ်လိုက်တယ်"

"ဗျာကိုကို"

"မင်းခုနက ကျန့်ကောလို့ခေါ်လိုက်တာလား"

"မခေါ်ပါဘူး"

"ဝမ်ရိပေါ်မင်းကဘာသဘောလဲ အရင်ကကျ အချိန်တိုင်း ဂျိန်းဖို့ချောင်းနေတာ အခုကျဘာလို့ ငြင်းနေတာလဲ ငါ့ကိုမလိုချင်တော့ဘူးလား"

"ခုက ကိုကိုကစတာလေ ကျွန်တော်စတာမှ မဟုတ်တာ ကိုကိုကအဲ့လိုကြီး မြှူစွယ်နေတာ ကျွန်တော်မနေတတ်ဘူး"

"မင်း!! မေ့လိုက်တော့ ငါ့ဘာသာဟိုဘက်အခန်းသွားအိပ်မယ်"

ရှောင်းကျန့်က ရိပေါ်လက်မှာချည်ထားသည့် ခါးပတ်ကို ဆူပုတ်ပုတ်နှင့် ပြန်ဆွဲဖြုတ်လိုက်သည်။

My Dear Enemy (season-2)Where stories live. Discover now