Part (59)

5K 514 52
                                    

Unicode

"ရိပေါ်.....ရိပေါ်.....ဟင့်"

အိပ်ရာကနိုးတာနဲ့ ရိပေါ်ကို မတွေ့တော့ ငိုနေပြန်သည့် ကလေးဆိုးကြီး ကြောင့် ရိပေါ် ဖုန်းပြောနေရင်း အခန်းထဲဝင်ပြေးရသည်။

"ကျွန်တော်ရှိပါတယ်ကိုကို....."

"မင်းက ဘယ်သွားတာလဲလို့"

"ကျွန်တော်ကဖုန်းသွားပြောတာပါ ကိုကိုနိုးသွားမှာစိုးလို့ အပြင်ထွက်ပြောတာ မငိုနဲ့တော့နော်"

"အင်း....ကိုကိုစိတ်ပူလို့ဘယ်မှမသွားနဲ့ ကိုကို့အနားမှာပဲနေ"

"အင်းပါ မသွားတော့ဘူး စိတ်မပူနဲ့တော့နော် ကိုကို... အကုန်လုံး ​ဖြေရှင်းပြီးပြီပဲကို ကျွန်တော်ကိုကို့အနားမှာပဲကပ်နေတော့မှာ နောက်အပတ်ဆို M city ပြန်ကြမယ်နော်....မွ....."

ထိုအချိန်အိမ်အပြင်ဘက်မှ တံခါးခေါက်သံ​ကြောင့် ရိပေါ်က သွားဖွင့်ပေးဖို့ပြင်တော့ ရှောင်းကျန့်က လက်ကိုဆွဲထားလိုက်ကာ

"ကိုကိုလဲလိုက်မယ်"

"အင်းဖြည်းဖြည်းထ"

ရှောင်းကျန့်က ရိပေါ်လက်ကိုဆွဲကာ အနောက်က တစ်ကောက်ကောက်လိုက်နေလိုက်သည်။ ရိပေါ်တံခါးဖွင့်ကြည့်လိုက်​တော့

"Hi ရိပေါ် အစ်ကိုတို့က ခယ်မလေး မဟုတ်သေးဘူး ဘယ်လိုခေါ်ရမှာပါလိမ့်....ရှင်းကော..."

"ယောက်ဖ"

"ဪအင်း...ယောက်ဖလေးဆီ သတင်းလာမေးတာ"

"ဝင်ခဲ့ပါ အစ်ကိုတို့"

"ယောက်ဖလေး ဘာကြိုက်မှန်းမသိလို့ အသီးတွေပဲဝယ်လာတယ် အဆင်ပြေလား"

"အားနာစရာကြီး....."

"ထိုင်ဦး အစ်ကိုတို့ ကော်ဖီဖျော်ပေးမယ်"

ရိပေါ်မီးဖိုချောင်ထဲဝင်သွားတော့ ရှောင်းကျန့်က လိုက်ကြည့်နေသည်။

"အဟမ်း....ဟို...ယောက်ဖလေး ကျွန်တော်တို့ဒါပထမဆုံးအကြိမ်တွေ့တာဆိုတော့ ကျွန်တော့်ကို ကျွန်တော်မိတ်ဆက်ပါရစေ။ ကျွန်တော်က ဝမ်ကျန်းအာပါ ရိပေါ်ရဲ့ အစ်ကိုတစ်ဝမ်းကွဲပါ။ လေးလေးဝမ်ကျောက်ဟန်က ကျွန်တော့်အဖေရဲ့ညီ။"

My Dear Enemy (season-2)Where stories live. Discover now