Part (56)

4.5K 456 95
                                    

Unicode

ရှောင်းကျန့် အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ရိပေါ်ကို မြင်တော့ လန့်ပြီးအော်လိုက်မိသည်။

"မား!!......လန့်လိုက်တာ ရိ...ရိပေါ် ဘယ်လိုရောက်လာတာလဲ"

ရိပေါ်က ဘာမှမပြောဘဲ ရှောင်းကျန့်ကို စိုက်ကြည့်နေတော့ ရှောင်းကျန့်ထိတ်ခနဲဖြစ်သွားသည်။ အနားမှာလဲ ယုန်အရုပ်တွေပန်းစည်းတွေက မသိမ်းရသေး။

"ဟို....ဟိုလေ"

"ကိုကိုအခု ဘာတွေလုပ်နေတာလဲ။ ကျွန်တော် ဘာမှမလုပ်ပဲ ငြိမ်ငြိမ်နေဖို့ ပြောထားတယ်မလား။ ဘာလို့ပြောစကား နားမထောင်တာလဲ ကိုကို"

"ကိုကိုဘာမှမလုပ်ပါဘူး"

"ကိုကိုဘာတွေတွေးနေလဲဆိုတာ ကျွန်တော်သိတယ် လိမ်ဖို့မစဥ်းစားနဲ့"

"မလိမ်ပါဘူး"

"မဖြစ်တော့ဘူး ကိုကို"

ရိပေါ်က ချက်ချင်းထသွားပြီး luggage ကြီးဆွဲလာကာ ရှောင်းကျန့်အဝတ်အစားတွေကို ထိုးထည့်တော့သည်။

"ဝမ်ရိပေါ်မင်းဘာလုပ်နေတာလဲ...ရပ်စမ်း...မထည့်နဲ့တော့"

"ခုချက်ချင်း M city ကိုပြန်ဖို့လုပ် ကျွန်တော်အစ်ကို့ကို လှမ်းအကြောင်းကြားလိုက်မယ်"

"ဟင့်အင်းမပြန်ဘူး....ဝမ်ရိပေါ်....ငါမပြန်ဘူးလို့ပြောနေတယ်လေ"

"မရဘူးပြန်ရမယ် ကိုကို ဆက်ပြီးလုပ်ချင်ရာလုပ်နေတာကို ကျွန်တော်ထိုင်ကြည့်မနေနိုင်တော့ဘူး။ ကိုကိုဒီကို လိုက်လာကတည်းကိုက မှားတာ...ကိုကိုအခု ကိုကိုကိုယ်တိုင်ဘာတွေလုပ်နေတာလဲ ဆိုတာတွေးမိရဲ့လား။ ဒါ M city မဟုတ်ဘူးကိုကို။ ဒုစရိုက်ဂိုဏ်းတွေရဲ့ မြို့။ ကျားခံတွင်းဝထဲ ဝင်ဖို့ကြံနေတဲ့ ကိုကို့ကို ကျွန်တော်ဘယ်စိတ်နဲ့ လွှတ်ထားပေးရမလဲ....ကျွန်​တော်နေ့တိုင်း စိတ်ပူနေရတာ သေတော့မယ်ဗျ။"

"ကိုကိုလဲမင်းလိုပဲခံစားရတာ မင်းမသိဘူးလားဟင်.....ကိုကို တောင်းပန်ပါတယ်ရိပေါ်...ကိုကို့ကို ပြန်မလွှတ်ပါနဲ့.......အဲ့ဒီအစား ကိုကို့ကို သတ်လိုက်ပါ......."

My Dear Enemy (season-2)Where stories live. Discover now