Part (39)

4.7K 482 12
                                    

Unicode

"အွန်း.....စားလို့ကောင်းလိုက်တာ"

"အများကြီးမစားနဲ့ အစာမကြေဖြစ်နေမယ်"

"ပင်လယ်စာတွေကလေ ဒီလိုနေရာမျိုးမှာ စားတာအကောင်းဆုံးပဲ"

"အချဥ်ရည်တွေက ဒီလောက်စပ်တာကို အများကြီးမစားနဲ့လေ"

"မစပ်ပါဘူး မင်းစားကြည့်ရော့"

ရှောင်းကျန့်က ပုစွန်တစ်ကောင်ကို အချဥ်ထဲစိမ်ပြီး ရိပေါ်ကို ခွံ့ ကျွေးလိုက်သည်။

"အား....စပ်တယ်"

"အဲ့လောက်လဲမစပ်ဘဲနဲ့....ရော့ ဒါလေးစားလိုက်"

ရှောင်းကျန့်က ခွက်သေးသေးလေးထဲက အနီရောင်ဆော့စ်လေးနဲနဲ လက်ညှိုးနဲ့ ကော်ပြီးရိပေါ်ကိုခွံ့လိုက်သည်။

"အဲ့တာပိုစပ်တယ်ဗျ ဘာကြီးလဲ"

"အယ်....ခရမ်းချဥ်သီးဆော့စ်မှတ်လို့ ငရုတ်သီးဆော့ကြီး"

"အားလားလား......"

ရိပေါ်က မျက်ရည်တွေဝဲပြီး လျှာပါထွက်နေသည်။ တော်တော်အစပ်စားနိုင်တဲ့ကိုကို မှာထားတာအကုန်အစပ်ချည်းပဲ။

"ကျွန်တော်မစားနိုင်တော့ဘူး"

"အင်း ကိုကိုလဲတော်ပြီ ဟိုတယ်ပြန်ရအောင်"

စားသောက်ပြီးတော့ နှစ်ယောက်သားဟိုတယ်ပြန်လိုက်ကြသည်။ ဟိုတယ်ရောက်တော့ ရိပေါ်က ဗိုက်နာတယ်ဆိုကာ ကုတင်ပေါ်မှာခွေနေတော့သည်။

"ကိုကို့ကြောင့်ပါကွာ တော်တော်နာနေလားဟင် ကိုကိုဆေးသွားဝယ်ပေးမယ်"

"အင်း"

"မွ....မြန်မြန်ပြန်လာခဲ့မယ်နော်"

ရိပေါ်က ခေါင်းလေးညိတ်ပြတော့ ရှောင်းကျန့်က ရိပေါ်နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး အပေါ်ဝတ်ကောက်ဝတ်ကာ ဆေးဝယ်ဖို့ထွက်လာလိုက်သည်။

"ဆရာ ဘယ်သွားမလို့လဲ"

"ဆေးသွားဝယ်မလို့ကွ မင်းတို့ Captain ငါ့ကြောင့်အိပ်ရာထဲလဲနေပြီမထနိုင်တော့ဘူး"

"ဗျာ ဘယ်လိုဖြစ်သွားတာလဲ"

"Role ချိန်းသွားတာလား"

My Dear Enemy (season-2)Where stories live. Discover now