Part (34)

4.7K 524 16
                                    

Unicode

"ဟဲလို ရိပေါ် ဘယ်အချိန်ကပြန်သွားတာလဲ ကိုကို့ကိုလဲ မနှိုးဘူး။"

".............."

"မင်းပဲဆေးရုံဆင်းရင် လာကြိုမယ်ဆိုပြီးတော့....အင်းလေ ခုပဲပြန်တော့မှာ....ဘယ်သူလာကြိုမှာ.....ဟဲလို"

ရိပေါ်က သူမလာနိုင်လို့ လာကြိုဖို့လူလွတ်လိုက်သည်တဲ့ အခုထိလဲဘယ်သူမှမတွေ့။ ရှောင်းကျန့်လက်တစ်ဖက်က ဝါဂွမ်းလေးကို ချီပြီး ကျန်လက်တစ်ဖက်က အထုပ်တွေဆွဲကာ ဟိုရှာဒီရှာလုပ်နေရသည်။ ခဏနေတော့ ရဲတပ်ဖွဲ့ဝင်တွေက ဆေးရုံအတွင်းကို အုံလိုက်ကြီးဝင်လာတော့ ဆေးရုံထဲမှာရှိတဲ့လူတွေက အထိန်တလန့်ဖြစ်ကုန်ကြသည်။

"မလန့်ကြပါနဲ့ခင်ဗျာ။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ အရာရှိရဲ့ ကလေးဆေးရုံတင်ထားလို့လာကြိုတာပါ"

တပ်ကြပ်တစ်​ယောက်က ဝင်ဖြေရှင်းကာမှ လူတွေကသက်ပြင်းချလိုက်ကြသည်။

"ဒေါက်တာရှောင်းကျန့် ခင်ဗျာ။ Captain ကဒေါက်တာနဲ့ ကလေးကို ဘေးမသီရန်မခကြိုလာခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်"

"အာ.....ဟုတ်ကဲ့သိပါပြီ ဒါနဲ့ဘာလို့ ဒီလောက်လူအများကြီး"

"Captainက ဒေါက်တာရဲ့ လုံခြုံရေးကို စိတ်ပူလို့ပါ"

"ဪ......ကျေး..ကျေးဇူးပါပဲ"

ရဲတပ်ဖွဲ့ဝင်တွေက ရှောင်းကျန့်လက်ထဲက အထုပ်တွေကို ကူသယ်ပေးလိုက်ကြပြီး ရှောင်းကျန့်ကို ဘေးကနေ စက်ဝိုင်းလိုဝိုင်းလိုက်ကြသည်။ ရှောင်းကျန့်က ဝါဂွမ်းလေးကို ချီထားရင်းက ရှက်လွန်းလို့ ခေါင်းတောင်မဖော်ရဲတော့။ လူတွေကလည်း အထူးအဆန်းလို ဝိုင်းကြည့်နေကြသည်။

"ဝမ်ရိပေါ်.....အိမ်ပြန်လာရင်တွေ့မယ် မင်းတော့"

ရှောင်းကျန့်တို့ သားအဖအိမ်ပြန်ရောက်တဲ့အထိ ရဲတွေက မပြန်ကြသေး။

"ဟိုလေ....မပြန်ကြသေးဘူးလား"

"ကျွန်တော်တို့ကို သူပြန်လာတဲ့အထိစောင့်ဖို့မှာသွားပါတယ်"

"ဒါပေမဲ့ ဒီလိုကြီးအိမ်ရှေ့မှာ ရပ်နေကြတာကမကောင်းဘူးထင်တယ်။ သူများတွေတမျိုးထင်မှာပေါ့ အိမ်လဲဝင်ပါလား"

My Dear Enemy (season-2)Where stories live. Discover now