Part (32)

4.9K 532 12
                                    

Unicode

"ကိုကို မအိပ်သေးဘဲ ကျွန်တော့်ကို စောင့်နေတာလား"

"အင်း ပင်ပန်းနေပြီလား"

"ပင်ပန်းတယ်"

"ရေအရင်ချိုးမလား ထမင်းအရင်စားမလား"

"ကိုကို့ကို အရင်နမ်းမယ် ကျွန်တော်အားကုန်နေလို့ အားသွင်းပေးပါဦး"

"အာဟိုလေ.....အွန့်....ဟွန်း"

ရိပေါ်က ဆိုဖာပေါ်ထိုင်နေတဲ့ ရှောင်းကျန့်မျက်နှာလေးကို ငုံ့ပြီး နှုတ်ခမ်းလေးကို မလွှတ်တမ်းနမ်းလိုက်သည်။

"အဟမ်း....အဟမ်း"

"ပါး....ပါးရှိနေမှန်းမသိလိုက်ဘူး"

"မင်းက ကိုကိုသတိပေးနေတာ နားမှမထောင်တာ"

"ပါးခွင့်လွတ်ပါ ကျွန်​တော်ပါးကို အိပ်နေပြီထင်လို့"

"အင်း ငါသွားအိပ်တော့မယ်"

ဝမ်ပါးပါးက အနေခက်လို့ထင်သည် အခန်းထဲတန်းဝင်သွားတော့သည်။

"ကောင်းသောညပါ ဝမ်ပါးပါး"

"ကိုကို ပါးနဲ့စကားထိုင်ပြောနေတာလား"

"အင်း ပါးကခင်ဖို့ကောင်းပါတယ်"

"ဟုတ်လား ဘယ်သူမှအဲ့လိုမပြောဖူးသလိုပဲ ကျွန်တော်ရေချိုးလိုက်ဦးမယ်နော်"

"အင်း အကြာကြီးမချိုးနဲ့"

အိပ်ရာဝင်ခါနီးတော့ ပုခက်ထဲမှာ ​ခြေကားယားလက်ကားယားလေး အိပ်ပျော်နေသည့် ဝါဂွမ်းလေးကို တစ်ယောက်တစ်လှည့် ခပ်ဖွဖွလေးနမ်းလိုက်ကြသည်။

"လာခွေးပေါက်လေး ကိုကိုနှိပ်ပေးမယ်"

"ကိုကိုအိပ်ချင်နေပြီမလား"

"ရတယ် လာဒီမှာလှဲ"

ရိပေါ်က ကုတင်ပေါ်မှာလှဲလိုက်တော့ ရှောင်းကျန့်က သူ့လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ရိပေါ်ရဲ့ နားထင်ကို နှိပ်ပေးလိုက်သည်။

"ကိုကို့လက်တွေနာနေလိမ့်မယ်"

"မနာပါဘူးကွာ အိမ်ပြန်ရောက်ရင်တော့ မင်းကိုအမှုအကြောင်းတွေခဏမေ့ထားပြီး အေးအေးဆေးဆေးနေစေချင်တယ်။"

My Dear Enemy (season-2)Hikayelerin yaşadığı yer. Şimdi keşfedin