Part (22)

5.7K 579 14
                                    

Unicode

"သေဆုံးသူက ငါးယောက်ရှိနေပြီ။ မင်းတို့အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ။ ပြည်သူတွေလဲ ထိတ်လန့်နေကြပြီ။ M city ကိုကာကွယ်ဖို့က မင်းတို့ရဲ့ တာဝန်မဟုတ်ဘူးလား။ မင်းတို့ရဲဌာနက ဒီလောက်လူအများကြီးကို တရားခံတစ်ယောက်ထဲတောင်မဖမ်းနိုင်ဘူးလား။ ဌာနအသီးသီးက ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဘေးထွက်မနေနဲ့ မူးယစ်ဌာနလဲ ဝင်ပါရမှာပဲ ဒီကိစ္စက ရဲဌာနတစ်ခုလုံးပူးပေါင်းရမှာ။ MCI အဖွဲ့ကို လွှဲထားတယ်ဆိုပြီး ရေသာခိုနေရင် ရဲအလုပ်ကချက်ချင်းထွက်လိုက်။ ငါပြောတာနားလည်လား...."

"နားလည်ပါတယ် ရဲမှူးချုပ်"

ဒီနေ့မနက်မှာပဲ သေဆုံးသူထပ်တိုးပြန်သည်။ ပြည်သူတွေက အထိန်တလန့်ဖြစ်ကုန်ကြတော့ ပြည်မက ရဲအရာရှိကြီးများပါ ဝင်ပါလာရသည်။ အခုလည်းရဲမှူးချုပ် ဝမ်ကျောက်ဟန်ကိုယ်တိုင် Beijing ကနေရောက်လာပြီး ရဲဌာနရှိ လူအကုန် အပြင်ထွက် အားကစားကွင်းထဲမှာ တန်းစီခိုင်းကာ မာန်မဲနေတော့သည်။ ဝမ်ညီအစ်ကိုက ဘာမှမဖြစ်သလို အေးဆေးနေနိုင်ပေမဲ့ ကျန်သည့် ရဲတပ်ဖွဲ့ဝင်အားလုံးမှာ ခေါင်းပင်မဖော်ရဲကြ။

"စုံစမ်းရေးမှူးဝမ် မင်းခေါင်းက ဘယ်လိုဖြစ်လို့ဒဏ်ရာရထားတာလဲ"

တစ်ယောက်ချင်းဆီကို မျက်ထောင့်နီကြီးနှင့် လိုက်ကြည့်နေသည့် ရဲမှူးချုပ်က ခေါင်းမှာ ပတ်တီးအဖွေးသားနှင့် သားတော်မောင်ကို တွေ့တော့ မေးလိုက်သည်။

"တရားခံရဲ့ ကားနဲ့တိုက်မိတာပါ"

ရိပေါ်က ပြန်ဖြေတော့ ရဲမှူးချုပ်ရဲ့ နဂါးမျက်စောင်းကရှောင်းကျန့်ဆီဒိုင်းခနဲ။

'ဝှိုင်း အောလဝေးမီ ယောက္ခမကြီး😒'

"တန်းဖြုတ် အကုန်လုပ်စရာရှိတာ သွားလုပ်ကြတော့"

"လေးစားပါတယ် ရဲမှူးချုပ်"

ရဲမှူးချုပ်ရဲ့ နားပူပွဲကြီးပြီးသွားတော့ ရဲတပ်ဖွဲ့ဝင်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။

"မင်းတို့သုံးယောက်လိုက်ခဲ့ဦး"

နားပူပွဲက သူတို့သုံးယောက်အတွက်တော့ ဆက်ရန်ရှိသေးသည်။

My Dear Enemy (season-2)Where stories live. Discover now