Part (38)

5K 515 19
                                    

Unicode

ရေထဲဆင်းဖို့ ရိပေါ်ကအဝတ်လဲပြီးထွက်လာသည်။ အင်္ကျီမဝတ်ထားတော့ ပေါင်မုန့်​ခြောက်လုံးက အထင်းသား။ ဒူးလောက်ရှိသည့် ဘောင်းဘီတိုလေးကြောင့် ခြေသလုံးသားဖြူဖြူလေးတွေက မုန်လာဥဖြူလေးတွေလို ကိုက်စားချင်စရာ။

"ဒီပုံစံနဲ့ ရေထဲဆင်းမလို့ပေါ့လေ"

အပေါ်ပိုင်းဗလာနှင့် ဘောင်းဘီတိုလေးဝတ်ထားသည့် ရိပေါ်ကို ရှောင်းကျန့်က ခြေအဆုံးခေါင်းအဆုံးကြည့်ပြီး စတင်၍ ပွစိပွစိလုပ်ပါတော့သည်။

"တော်တော်ပြချင်နေတယ်ပေါ့လေ မင်းအရှက်မရှိဘူးလား"

"ကျွန်​တော်က ယောကျာ်းပဲကိုကိုရယ် အကုန်ဒီလိုပဲ သွားကြတာ"

"သူတို့နဲ့ မင်းနဲ့က တူလား သူတို့က လူပျိုလူလွတ်တွေလေ"

"ဟွန်"

"ဘာလဲ ငြိုငြင်တာလား အခုအင်္ကျီထပ်ဝတ် ဘောင်းဘီလဲအခုချက်ချင်းလဲ တိုနေလိုက်တာများ မင်းကိုမင်း sexy model လို့မှတ်နေလားကွ"

"ကျစ်....ရေထဲဆင်းမှာပါဆို ဘောင်းဘီအရှည်ကြီးနဲ့ အင်္ကျီအထူကြီးဝတ်ရမှာလား"

"ဝတ်ရမှာပဲ ဘာမှအထွန့်မတက်နဲ့"

"အဲ့တာဆို မသွားတော့ဘူးဗျာ ကိုကိုပဲသွားတော့"

"ဝမ်ရိပေါ် မင်းကစိတ်ကောက်တယ်ပေါ့လေ ရတယ် မင်းဘာသာဝတ်ချင်သလိုဝတ် ငါလဲဝတ်ချင်သလိုဝတ်မယ်"

ရှောင်းကျန့်က သူဝတ်ထားတဲ့ အင်္ကျီကို ဆွဲချွတ်ပြီး ကမ်းခြေဖက်ကိုပြေးသွားသည်။

'ဒီကိုကိုဟာလေ သူ့စိတ်ကြီးပဲ မြန်လိုက်တာ"

ရိပေါ် အင်္ကျီတစ်ထည်ကောက်စွပ်လိုက်ပြီး ရှောင်းကျန့်ရဲ့ အင်္ကျီကိုပါ ယူလာကာ နောက်မှအမှီပြေးလိုက်ရသည်။

ကမ်းခြေမှာ ရေထဲမဆင်းဘဲ ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ကိုကိုက ရေမှမကူးတတ်ဘဲ။ တမင်ရိပေါ်ကို စောင့်နေပုံပါ။ ခြောက်ပေရှိတဲ့ အရပ်နဲ့ အဆီပိုမရှိကျစ်လစ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်ကိုကိုက အူတူတူရုပ်လေးနဲ့ ပြာယာခတ်နေပေမဲ့ ဘေးကအမျိုးသမီးတစ်သိုက်က ခပ်ချောချော model တစ်ယောက် catwalk လျှောက်နေသလို သွားရည်တွေကျပြီးငေးနေကြတယ်။

My Dear Enemy (season-2)Where stories live. Discover now