Part (44)

4.7K 528 52
                                    

Unicode

ကမ်းခြေကနေ ပြန်ရောက်တာနှင့် နှစ်ယောက်သား ပေါက်စလေးကို သွားပြန်ခေါ်ရသည်။

"ဝါဂွမ်းလေး ပါးကိုလွမ်းနေတာလား"

"ကိုကို့ကို လွမ်းနေတာထင်တယ် ကြည့်ပါဦး ရယ်နေလိုက်တာ"

"မင်းချီကြည့်"

"ဝါဂွမ်းလေးက ကြိုက်ပါ့မလား"

ရှောင်းကျန့်က ဝါဂွမ်းလေးကို ရိပေါ်လက်ထဲထည့်ပေးတော့ ရိပေါ်က မရဲတရဲ ချီလိုက်သည်။ ဝါဂွမ်းလေးက မငို။ ရိပေါ်ကိုလည်းရယ်ပြပြီး နှုတ်ဆက်လာသည်။

"နောက်ဆို daddy သားကို အချိန်ပေးပါ့မယ်ကွာ"

"လာပါဦး ကိုကို့ကလေးနှစ်ယောက်လုံးကို ဖက်ထားချင်လို့"

ရှောင်းကျန့်က ကလေးကြီးနှင့် ကလေးလေးကို တစ်လှည့်စီနမ်းလိုက်သည်။ချစ်ရတဲ့ ကိုယ်ပိုင်မိသားစုလေးနှင့် ရှောင်းကျန့်အတွက်ဘဝက တကယ့်ကို ပြည့်စုံနေပါပြီ။
__________________________
M city ရဲဌာန

"မူးယစ်ရာဇာတွေကို ဖမ်းဖို့"

"ဟုတ်တယ် ခုက BCI ကနေတရားဝင် အကူအညီတောင်းလာတာ။ စပိုင်လုပ်ရမှာဆိုတော့ သူတို့က တကယ့်လူတော်တွေကိုပဲ ရွေးချင်တာ။ S cityမှာ ရဲတပ်ဖွဲ့ဝင်အင်အားကလဲ အလုံအလောက်မရှိဘူး။"

"စုံစမ်းရေးမှူးဝမ် မလုပ်ချင်ရင်လဲ ကျွန်တော်တို့ဌာနက လူတွေထည့်ရမှာ"

"ဌာနမှူးဝမ် ကျွန်တော်တို့ DEA team (Drug Enforcement Administration, မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန) မှာလဲ လူတော်တွေရှိပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ကို လွှဲလိုက်ပါ"

"ဒါကကျွန်တော် တစ်ယောက်ထဲဆုံးဖြတ်လို့မရဘူးဗျ။ S city မြို့တော်ဝန်ကနေ MCI အဖွဲ့ကို by-name နဲ့တောင်းဆိုလာလို့ပါ"

"ဒါဆို စုံစမ်းရေးမှူးဝမ်ရဲ့ သဘောကရောဗျ"

"ကျွန်တော်ကတော့ ငြင်းစရာမရှိပါဘူး။ ကျွန်တော့်ကို တောင်းဆိုရင် ကျွန်တော်လုပ်ပေးမှာပါ"

"အဲ့တာဆို စုံစမ်းရေးမှူးဝမ်ကိုပဲ လွှဲလိုက်ပါ့မယ်။"

"ကောင်းပါပြီ ဒီ Mcity ကို MCI အဖွဲ့ကပဲစောင့်ရှောက်နေတာ ဂုဏ်ရှိတဲ့ကိစ္စမှန်သမျှ MCI အဖွဲ့နဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့လို ဘာမှမဟုတ်တဲ့ ဌာနလေးတွေက ဘေးဖယ်နေပါ့မယ်"

My Dear Enemy (season-2)Where stories live. Discover now