Part (62)

4.8K 466 11
                                    

Unicode

"ပါးပါး.....ဒယ်ဒီ"

ရှောင်းယွမ်လေးက သူကျောင်းသွားခါနီးတောင် မထကြသေးသည့် အဖေနှစ်ယောက်ကို နှိုးနေရသည်။ ညက ပင်ပန်းထားသည့် အဖေနှစ်ယောက်က အိပ်မောကျနေကြတာ တုတ်တုတ်မှ မလှုပ်။

"သားကျောင်းသွားရတော့မယ်....ပါပါး....ထတော့"

ရှောင်းယွမ်က ရှောင်းကျန့်လက်မောင်းကို ဆွဲပြီး အတင်းဆွဲထူနေတော့

"အားယွမ်.....ငါးမိနစ်ပဲနော် ပါးပါး အိပ်ရေးမဝသေးလို့"

"သားကျောင်းနောက်ကျတော့မှာ.....အီးဟီး......."

ဘယ်လိုမှ နှိုးမရတော့ အားယွမ်က ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချပြီး အော်ငိုတော့သည်။ ထိုအခါမှ ရှောင်းကျန့် ဝုန်းခနဲ ထထိုင်ကာ

"လာ....သားလာ မငိုပါနဲ့ကွာ....ဘယ်နှနာရီထိုးလို့လဲ.....ထျန်းနား......ကိုးနာရီတောင်ရှိပြီ.....ဟုတ်သားပဲ သားရဲ့ ထမင်းချိုင့်....ကျစ်....​နောက်ကျနေပြီ....ပါပါးတောင်းပန်ပါတယ် သားလေးရယ်......ဟိုကောင် ဝမ်ရိပေါ်"

"အင်ဟင်"

ရှောင်းကျန့်က သူ့ဘေးမှာ စက်တော်ခေါ်နေသည့် လင်တော်မောင်ကို ညင်ညင်သာသာပဲ ခြေထောက်နှင့် လှမ်းကန်ပြီး နှိုးလိုက်သည်။

"ကိုးနာရီထိုးနေပြီ....ထတော့"

"အွန်း...."

နှိုးကာမှ စောင်ပုံထဲ ပိုတိုးကာ အိပ်နေပြန်တာကြောင့် ရှောင်းကျန့်မနှိုးတော့ဘဲ ထားလိုက်သည်။

"အေး...မင်း..နိုးလာမှတွေ့မယ်"

ရှောင်းကျန့် အားယွမ်ကို ချီပြီး အသည်းအသန်ရေချိုးပေးရသည်။ ထမင်းတောင်ချက်ချိန်မရ။ အကုန်ဝုန်းဒိုင်းကျဲပြင်ဆင်ပြီးတော့ ကားသော့ဆွဲကာ အားယွမ်ကို ကျောင်းလိုက်ပို့ရသည်။

"ရှောင်းယွမ် ပါးပါး သားအတွက် ဖက်ထုပ်ဝယ်ပေးမယ်နော် နောက်နေ့မှ သားကြိုက်တဲ့ ဟင်းတွေ ထမင်းချိုင့်ထည့်ပေးမယ်"

"ဟုတ်"

"နောက်တစ်ခါနောက်မကျစေရဘူးနော် မင်းဆရာမကို ပါပါး ပြောပေးမယ်။ အခုလိုဖြစ်ရတာ မင်းဒယ်ဒီကြောင့်....."

My Dear Enemy (season-2)Where stories live. Discover now