Part (54)

4.2K 455 45
                                    

Unicode

"ရောက်ပြီ....လာကိုယ့်ကိုတွဲ"

တစ်နေရာရောက်တော့ ကားရပ်သွားပြီး ရှောင်းကျန့်ကို ဆင်းခိုင်းသည်။ မျက်လုံးကို စည်းထားတော့ ဘာမှမမြင်ရ။

"မလိုဘူး ကျုပ်ဘာသာ သွားမယ်"

သူ့လက်ကို လာကိုင်တဲ့ တာ့ဟိုင်ကို တွန်းပစ်ရင်း ကိုယ့်ဘာသာ စမ်းတဝါးဝါးနှင့်လျှောက်တော့ ခလုတ်တိုက်ပြီး ချော်လဲသွားသည်။

"မင်းမှ ကိုယ့်စကားနားမထောင်တာ"

လဲကျသွားတဲ့ ရှောင်းကျန့်ကို တာ့ဟိုင်က ကောက်ပွေ့လိုက်တော့ ရှောင်းကျန့်က အတင်းရုန်းကန်နေတော့သည်။

"ဟေ့လူ ကျုပ်ကို အောက်ပြန်ချပေး"

"ရပြီ ဒီမှာထိုင် ဖြေလိုက်တော့"

ရှောင်းကျန့်ကို ဆိုဖာပေါ်တင်ပြီးတော့ စည်းထားတဲ့အဝတ်ကို ဖြေပေးလိုက်သည်။

"ကဲ ဒေါက်တာလေး ကျွန်တော့်ဒဏ်ရာကို ကုပေးတော့"

တာ့ဟိုင်က သူ့ဗိုက်က သေနတ်ဒဏ်ရာကို ပြပြီး အမိန့်ပေးသလို ဆိုလာတော့ ရှောင်းကျန့် မျက်နှာမဲ့ပြပြီး

"ဒီမှာဘာပစ္စည်းမှလဲ မရှိဘူး ကျုပ်က မှော်အတတ်နဲ့ကုရမှာလား"

"ဟားဟား....."

တာ့ဟိုင်က ခေါင်းငြိမ့်ပြတော့ သူ့တပည့်တွေက ဆေးပတ်တီးတွေ အစုံအလင်ယူလာပြီး အနားမှာချထားလိုက်ကြသည်။

"ဒီလောက်ပစ္စည်းတွေစုံနေတာကို ကိုယ့်ဘာသာ ကုပါလား"

"ကိုယ်က မင်းကုပေးတာကို ခံချင်တာ"

"ရွံစရာပဲ......"

ရှောင်းကျန့်က တာ့ဟိုင်ဗိုက်က ဒဏ်ရာကို သန့်စင်ကာ ဆေးထည့်ပေးပြီး ပတ်တီးသေချာစည်းပေးလိုက်သည်။

"ပြီးပြီ ကျုပ်ကို ပြန်ပို့ပေးတော့"

"ကောင်းပါပြီ ကိုယ်ကတိတည်မှာပါ။ ဒါနဲ့ မင်းပြန်မယ့်နေရာက S city ရဲဌာနတော့မဟုတ်ပါဘူး​နော်"

"............"

"ဘာလို့လန့်သွားတာလဲ ကိုယ်ပြောတာမှန်နေတာလား"

My Dear Enemy (season-2)Where stories live. Discover now