Part (3)

6.7K 639 16
                                    

Unicode

သေဆုံးသူ အမျိုးသမီးကြီး ထံမှ အကြွေးယူထားသူကတော်တော်များသည်။ တစ်ယောက်မကျန်စစ်ဆေးနေရတော့ ရှောင်းကျန့်နှင့် ရိပေါ်မနားရသေး။ ဌာနမှာလဲ ယွီပင်းတစ်ယောက်ထဲရှိပြီး ကလေးသုံးယောက်က ဝမ်ဟိုက်ခွမ်းနှင့် Beijing ရောက်နေကြတော့ကူပေးမဲ့သူမရှိ။ အိုးရန်ကလဲ နောက်ကလိုက်လာရုံကလွဲပြီး ဘာမှမလုပ်တတ်သေးပေ။ အစထဲက ကိုယ်ငွေ့နဲနဲရှိနေသော ရှောင်းကျန့်က မနားရတော့ ဖျားပြီးနုန်းနေသည်။

"ကိုကို....အဆင်ပြေလား ဆေးရုံသွားမလားဟင်"

"ဟင့်အင်း...အိမ်ပဲပြန်မယ်"

"အင်းအင်း"

ရိပေါ်အိမ်ကိုပဲ ပြန်လာခဲ့သည်။ လမ်းတောင်လျှောက်ဖို့အားမရှိတော့သည့် ကိုကို့ကို ကုန်းပိုးပြီးခေါ်လာရသည်။ အိမ်ပြန်ရောက်တော့ အိပ်ရာပေါ်အသာလေးချပေးလိုက်သည်။

"ကိုကို...ကျွန်တော် ဇီယီကျဲဆီဖုန်းဆက်လိုက်မယ်နော်"

"ဟင့်အင်း...ဆက်နဲ့...သူကိုကို့ကို ဆေးထိုးမှာ"

"ဆေးထိုးမှ သက်သာမှာပေါ့ကိုကိုရဲ့"

"ကိုကိုဆေးထိုးမခံချင်ဘူး....ဆေးသောက်လိုက်ရင်ပျောက်သွားမှာပါ...."

"ကိုကို အကြာကြီးခံနေရမှာပေါ့"

"ရတယ် ဆေးပဲသောက်မယ်....နော်ကလေး"

ဆေးထိုးမခံချင်လို့ ဂျီကျနေသည့် ကလေးဆိုးကြီးကို ရိပေါ်အရှုံးပေးလိုက်ရသည်။ ရိပေါ်က ဇီယီကျဲဆီဖုန်းဆက်ပြီး ဘယ်လိုလုပ်ပေးရမလဲဘဲ လှမ်းမေးလိုက်သည်။ ဇီယီနဲ့ ဖုန်းပြောပြီးတော့ ရိပေါ် ရေဇလုံထဲ သဘက်လေးထည့်ပြီး အခန်းထဲသယ်လာခဲ့သည်။ ရှောင်းကျန့်ကတော့ ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေသည်။

"ကိုကို...ရေပတ်တိုက်ရအောင်နော်..."

"အင်း"

ရိပေါ် ရေစိုဝတ်လေးနှင့် ရှောင်းကျန့်ခန္ဓာကိုယ်အနှံ့တိုက်ပေးပြီးတော့ ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်လဲပေးလိုက်သည်။ နဖူးပေါ်ကို ရေစိုဝတ်လေးတင်ပေးထားပြီး အဖျားတိုင်းရသည်။

My Dear Enemy (season-2)Where stories live. Discover now