Part (40)

4.7K 504 22
                                    

Unicode

"ကန်ဒိုဂျင်းက လူကောင်းတစ်ယောက်ပါ။ ကိုယ့်ကိုကိုယ်လဲ နှိမ့်ချတတ်တယ်။ အဲ့တာကလွဲပြီး ကျန်တာမသိပါဘူး။ ကျွန်မတို့က အခုမှတွေ့ဖူးတာဆိုတော့ အရမ်းလဲ မရင်းနှီးဘူး။ မနေ့ကလဲ သူကအရင်ဟိုတယ်ပြန်သွားပြီး ကျွန်မရဲ့အပိုင်းက မပြီးသေးတော့ ရိုက်ကွင်းမှာပဲရှိနေခဲ့တာပါ။"

ရိပေါ်တို့လည်း အဲ့ဒီနေ့က ရိုက်ကွင်းမှာ ရှိနေတဲ့ လူစာရင်းကို စစ်ဆေးပြီးသွားပြီမို့ ဘယ်သူတွေက ရိုက်ကွင်းမှာတကယ်ရှိမရှိသိပြီးသားဖြစ်သည်။

"ပုံမှန်အားဖြင့် ရုပ်ရှင်ရိုက်တဲ့အချိန်ဆို မန်နေဂျာတို့ stylistတို့ makeup artist တို့လိုလူတွေက သရုပ်ဆောင်တွေနဲ့ အနီးကပ်နေရတယ်မလား"

ရှောင်းကျန့်က ဝင်မေးတော့ vivian ကပြန်ဖြေလိုက်သည်။

"ဟုတ်တယ်"

"ကိုကိုက သူတို့ထဲက တစ်ယောက်လို့ထင်တာလား"

"အင်း ကိုကိုတော့ အဲ့လိုထင်တာပဲ"

"ဟိုဟာလေ စိတ်တော့မရှိပါနဲ့ ရှင်တို့က ညီအစ်ကိုတွေလား"

"ဘာလို့အဲ့လိုထင်တာလဲ"

"ရုပ်တူလို့"

ရိပေါ်က မသိမသာပြုံးလိုက်သည်။

"မင်းကြားဖူးလား ရုပ်တူရင်ညားတတ်တယ်တဲ့"

"အဲ့တာဆို ရှင်တို့က"

"ဟုတ်တယ် ငါတို့က လက်ထပ်ထားတာ။ ဒါငါ့​ယောကျ်ား"

Vivian ကမျက်ခုံးတစ်ဖက်ပင့်ပြကာ

"စုံစမ်းရေးမှူးဝမ် ကျွန်မသွားလို့ရပြီလား"

"ရပါပြီ"

Vivian ထွက်သွားတော့မှ

"အရင်က ကိုကိုပဲကျွန်တော်တို့အကြောင်းကို လူတကာလျှောက်မပြောချင်ဘူးဆို"

"အခု သူက ကိုကိုက သူ့ကိုကြောင်နေတယ်ပဲထင်နေလို့ တမင်ပြောတာ ဘာလဲမပြောရဘူးလား"

"ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်​တော်ထင်တာ ကိုကိုတို့ နှစ်ယောက်က တော်တော်ရင်းနှီးနေသလိုပဲနော်"

"အာ...ဘယ်ကရင်းနှီးရမှာလဲ မရင်းနှီးဘူး"

"ပြီးရော....ကျွန်တော် ဒီregion က ရဲဌာနကို သွားမလို့ ကိုကိုကျွန်တော့်အစား ကျန်တဲ့ staff တွေကို စစ်ဆေးပေးထားပါလား"

My Dear Enemy (season-2)Where stories live. Discover now