Part (7)

6.3K 591 20
                                    

Unicode

"ရိပေါ်၊ ဒေါက်တာရှောင်းကျန့် ပြန်ကြတော့မှာလား"

"ကျွန်တော်ကတော့ ပြန်တော့မှာ"

ဝမ်ဟိုက်ခွမ်းက မေးလာတော့ ရိပေါ်က ပြန်ဖြေလိုက်သည်။

"အဲ့ဒါဆို ဒေါက်တာရှောင်းကျန့်က မပြန်သေးဘူးလား"

"ကျွန်တော်လည်းပြန်မှာပေါ့"

"ဟုတ်လား ကျွန်တော်ကလေယာဥ်လက်မှတ်ကို တစ်စောင်ထဲဝယ်ထားတာ"

"ဝမ်ရိပေါ်!! မင်းဘာသဘောလဲ"

"ကိုကိုများ နေခဲ့ချင်မလားလို့လေ အချစ်ဦးနဲ့ ပြန်လည်တွေ့ဆုံခန်း ဆိုပြီး ဇာတ်လမ်းလေးလုပ်လို့ရတာပေါ့"

"မင်းကို ငါဘယ်နှခါပြောရမလဲ အဲ့တာအရင်တုန်းက ကိစ္စပါဆိုနေ"

သူတို့နှစ်ယောက်ကြားမှာ ဝမ်ဟိုက်ခွမ်းက ဝင်ဖြန်ဖြေပေးရမလို ရှောင်ထွက်ပေးရမလိုဖြစ်နေသည်။

"ဌာနမှူးလဲ ပြန်တော့မှာမလား ကျွန်တော်လိုက်ခဲ့မယ်"

"အင်း...ကလေးသုံး​ယောက်လဲပါတယ်"

"ကောင်းတာပေါ့ တစ်စုံတစ်ယောက်ကတော့ တစ်ယောက်ထဲ အထီးကျန်ပြီးပြန်ရတော့မယ်။"

"ပိုတောင်ကောင်းသေးတယ် မုန့်ထုတ်တွေလဲ ဆွဲစရာမလိုဘူး အထုပ်တွေလဲ ဒိုင်ခံသယ်စရာမလိုတော့ဘူး"

ကလေးတွေလို စကားနိုင်လုနေသည့် ညီအတွဲကိုကြည့်ပြီး ဝမ်ဟိုက်ခွမ်းမှာ ခေါင်းတရမ်းရမ်းနှင့်။
________________________
ကလေးသုံး​ယောက်နှင့် ရှောင်းကျန့်က တစ်တွဲ။ ဝမ်ညီအစ်ကိုက တစ်တွဲ ပြန်လာခဲ့ကြသည်။ စိတ်ကောက်နေတဲ့ နှစ်​ယောက်ကတော့ ခုထိပြန်မခေါ်ကြသေး။

"အစ်ကို စစ်ကျွေး ကျွန်တော့်ဖို့ ဘာဝယ်လာလဲ။"

အိုးရန်က စစ်ကျွေးကို မြင်တာနဲ့ ကလေးလို ချွဲတော့သည်။ အရင်ဆုံးက အငယ်ဆုံးစစ်ကျွေးလေးက အိုးရန်ရောက်လာမှ အစ်ကိုကြီးဖြစ်သွားသည်။

"မင်းမှာ လိုက်တဲ့မုန့်ဝယ်လာတယ်"

"အစ်ကိုစစ်ကျွေးက အကောင်းဆုံးပဲ"

စစ်ကျွေးကို ပြေးဖက်လိုက်တဲ့ အိုးရန်ကို ကျင်းလင်နဲ့ ကျင်းရီက အတင်းတွန်းထုတ်တယ်။

My Dear Enemy (season-2)Where stories live. Discover now