Part (48)🚨

5.8K 491 40
                                    

Unicode

ရှောင်းကျန့်က ထိုလူခေါ်သွားသည့် အနောက်ကို သတိနှင့် လိုက်သွားလိုက်သည်။ bar ရဲ့ အပေါ်ထပ်က အောက်ထပ်နှင့်မတူ အခန်းငယ်များနှင့် လုံးဝတိတ်ဆိတ်နေသည်။ ထိုအခါမှ ရှောင်းကျန့်ထိုနာဘူးကောင် သူ့ကို ဘယ်နေရာခေါ်လာမှန်းရိပ်မိသွားသည်။

"ဒီမှာ ခဏထိုင်ပြီး ကိုယ်တို့အချင်းချင်း မိတ်ဆက်ရအောင် ကိုယ့်နာမည်က တာ့ဟိုင် မင်းလေးကရော"

"ကုဝေ"

ရှောင်းကျန့်တမင်တကာပင် နာမည်လွှဲပြောလိုက်သည်။

"ကုဝေ...ဒေါက်တာကုဝေ"

"ကျွန်တော်သိချင်တာ မေးလို့ရပြီလား"

"ခဏလေး ကိုယ်တို့အရင်အပေးအယူလေးလုပ်ရအောင်"

"ဘာအပေးအယူလဲ"

"ကိုယ်လုပ်ချင်တဲ့ အပေးအယူက...."

"ဇွပ်"

"အား....."

တာ့ဟိုင်စကားမဆုံးသေး အနောက်ကနေ တစ်စုံတစ်ယောက်က ရှောင်းကျန့်ရဲ့ ဇတ်ပိုးကိုဆေးထိုးအပ်ပြွန်တစ်ခုနှင့် ထိုးလိုက်သည်။

"ရပြီသွားတော့"

"ဟုတ်ကဲ့ပါတကော"

"ခင်ဗျား ကျုပ်ကို ဘာလုပ်လိုက်တာလဲ"

"ဒီတိုင်း မင်းလေးနဲ့ တစ်ညအတူကုန်ဆုံးချင်လို့ waiter လေးတစ်ယောက်ကို အကူအညီတောင်းလိုက်တာပါ"

ဆေးအရှိန်ကြောင့် ရှောင်းကျန့်တစ်ကိုယ်လုံးပူလာပြီး တစ်နေရာက အဆမတန်နာကျင်လာသည်။ တစ်စုံတစ်ခုကိုလဲ အပြင်းအထန်တောင့်တနေသလို။

"အား.........အ......"

"မကြောက်ပါနဲ့ ခဏနေ ကောင်းသွားပါလိမ့်မယ် ကိုယ်သေချာပြုစုပေးမှာ"

ရှောင်းကျန့်က ကြမ်းပြင်မှာ လဲကျပြီး ဒူးကိုကွေးထားကာ လည်ပင်းနှင့် နားထင်မှ သွေးကြောများထောင်လာသည်အထိ အံကြိတ်ရင်း တောင့်ခံနေသည်။

"တကော....သူကဘယ်သူလဲ"

အခန်းတစ်ခန်းထဲမှ ထွက်လာသည့် ကျိရှန့်ခုံးက တာ့ဟိုင် နှင့် လူတစ်ယောက်ကို မြင်တော့မေးလိုက်သည်။

My Dear Enemy (season-2)Where stories live. Discover now