Unicode
"ကျွန်တော်က Mcity ရဲဌာန MCI အဖွဲ့ရဲ့ မှုခင်းဆရာဝန် ဒေါက်တာရှောင်းကျန့်ပါ။ ရှေ့လျှောက် အတူတူပူးပေါင်းသွားဖို့ မျှော်လင့်ပါတယ်"
ရှောင်းကျန့်က အားလုံးကိုယ်စားမိတ်ဆက်စကားဆိုလိုက်ပေမဲ့ Scity ရဲဌာနမှ ရဲအရာရှိတွေက တစ်ယောက်မှ အဖတ်မလုပ်။ တချို့က chest ဆော့နေကြသည်။ တချို့က ကိုယ့်အိမ်ကိုယ့်ရာလို အိပ်ပျော်နေကြသည်။
"ဒီမှာ ခင်ဗျားတို့ လွန်တယ်မထင်ဘူးလား ကျွန်တော်တို့က ခင်ဗျားတို့ကို ကူညီဖို့ရောက်လာတာဗျ"
ထိုအခါမှ ထောင့်တစ်နေရာတွင် အိပ်နေသည့် ရဲတစ်ဦးက ထလာကာ
"နားညီးလိုက်တာ ကောင်းကောင်းကို အိပ်လို့မရဘူး ဒီမှာ ခင်ဗျားတို့ဘာသာ ဘယ်ကရောက်လာလာ ခင်ဗျားတို့ လုပ်စရာရှိတာလုပ်ဗျာ ကျုပ်တို့နဲ့ လာမရောနဲ့"
"ခင်ဗျားတို့က ရဲတွေမဟုတ်ဘူးလား။ ဘာလို့လက်လွတ်စပယ်ပြောရတာလဲ"
ထိုရဲက ရှောင်းကျန့် ဘာပြောပြောပြန်မပြောတော့ဘဲ သူ့နေရာမှာသူပြန်အိပ်နေလိုက်သည်။
"ဒီလိုရဲတွေကြောင့် မြို့က ဒီလိုဖြစ်နေတာ။ ဆရာ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"
"ထားလိုက်တော့ ရဲမှူးနဲ့ သွားတွေ့ရအောင်"
_________________________
"ရဲမှူး ခင်ဗျာ ကျွန်တော်က MCI မှုခင်းဆရာဝန်ရှောင်းကျန့်ပါ""ထိုင်ပါ ဒါနဲ့ခင်ဗျားတို့က အတူတူလာတာမဟုတ်ဘူးလား"
ရဲမှူးဆီကို DEA အဖွဲ့မှ စုံစမ်းရေးမှူးပိုင်ဖန်းနှင့် ကျန့်ယောင်တို့က အရင်ရောက်နေကြတော့ ရဲမှူးက မေးလာသည်။
"အစကအတူတူလာတာပဲဗျ နောက်တော့ ကားတစ်စီးဆီမို့ကွဲသွားတာ"
တမင်တကာ အတူမသွားချင်လို့ ရှောင်းကျန့် တို့နှစ်ယောက်ကို ထားခဲ့တာကို ထည့်မပြောတော့။
"ဪ အခုလို အင်အားလာဖြည့်ပေးတာကျေးဇူးတင်ပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့မြို့က ရဲတပ်ဖွဲ့အင်အားတော်တော့်ကိုအားနည်းပါတယ်"
"ရှိတဲ့သူတွေကလဲ အလုပ်မလုပ်ကြဘူး"
"အဟမ်း... ဒေါက်တာ ရောက်ခဲ့သေးတာလား။ ကျွန်တော်တို့လဲ ရှက်မိပါတယ်"
YOU ARE READING
My Dear Enemy (season-2)
FanfictionMy dear enemy season-1 ရဲ့ အဆက် season-2 မှာ ပိုro ကြမယ်။ ပို drama ချိုးမယ်။ ပိုရှုပ်ထွေးတဲ့မှုခင်းတွေပါလာမယ်။ *ပိုမှောင်လာမယ်*။