Part (60)

5K 451 16
                                    

Unicode

နှစ်ယောက်သား M city ကိုပြန်ဖို့ အထုပ်တွေသိမ်းနေကြရင်း စွပ်ကျယ်ဝတ်ထားသည့် ရိပေါ်ရဲ့ တစ်စွန်းတစပေါ်နေသည့် နဂါးပုံတက်တူးကို ရှောင်းကျန့်စိုက်ကြည့်နေသည်။

"တော်တော်နာမှာပဲ"

"ဗျာ...ဘာကိုလဲ"

ရိပေါ်က အဆုံးအစမရှိထပြောတဲ့ ရှောင်းကျန့်စကားကို နားမလည်လို့မေးလိုက်သည်။

"မင်းတက်တူးလေ အဲ့တာက အကြီးကြီး၊ ကျောတစ်ပြင်လုံးပဲ"

"ထိုးတုန်းက အသည်းခိုက်အောင်နာတာပေါ့ကိုကိုရာ ထိုးပြီးတော့လဲ အနာရင်းပြီးနှစ်ရက်လောက်ဖျားသွားတယ်"

"အဲ့တာကတစ်သက်လုံးဖျက်လို့မရတော့ဘူး။"

"ကျွန်တော်တော့မိုက်တယ်ထင်တာပဲ ယောကျ်ားပီသတာပေါ့ ကိုကိုမကြိုက်ဘူးလား"

"ကိုကိုလဲ မင်းလိုလိုက်ထိုးမယ် မင်းမှာ ဒဏ်ရာတစ်ခုရှိရင် ကိုကို့မှာလဲရှိရမယ်"

ရိပေါ်က ချက်ချင်းထလာပြီး ရှောင်းကျန့်နဖူးလေးကို နမ်းလိုက်ကာ

"မထိုးရပါဘူးဗျာ.....နဂိုထဲက ကိုကို့မှာ ကျွန်တော့်ကို ကာကွယ်ရင်းရထားတဲ့ ဒဏ်ရာတွေရှိနေတဲ့ဟာ......ဒီနားမှာ ကျွန်းပေါ်မှာတုန်းက ရခဲ့တဲ့သေနတ်ဒဏ်ရာ။ ဒီနားမှာ ကျွန်တော့်ကို ဖွင့်ပြောတဲ့နေ့တုန်းက သံပြားနဲ့ခြစ်မိထားတာ။ ပြီးတော့ အချုပ်ခန်းထဲမှာလဲ နေခဲ့ရသေးတယ်။ ကျွန်တော့်ကြောင့် ကိုကိုခက်ခဲတဲ့ အချိန်တွေကို ဖြတ်ကျော်ခဲ့ရတာ"

"အင်းပါ ကိုကိုသိပြီမို့ ထပ်မပြောတော့နဲ့နော်"

"ကျွန်တော်ကိုကို့ကို သေချာစောင့်ရှောက်ပါမယ်။ နောက်ထပ်ဒဏ်ရာရခွင့်မပေးတော့ဘူး"

"အွန်း....ကိုကိုလဲ ဂရုစိုက်ပါ့မယ်"

ထိုအခါမှ ရိပေါ်က အနားကထပြီး အဝတ်တွေပြန်ခေါက်နေလိုက်သည်။

"မင်းဂိုဏ်းထဲကို ဘယ်လိုဝင်ခဲ့ရတာလဲဟင်"

"အပြင်မှာ entrance စာမေးပွဲဖြေသလိုပေါ့ကိုကို သက်လုံစစ်ဆေးတယ်။ ကိုယ်ခံပညာစစ်ဆေးတယ်။ ဂိုဏ်းအပေါ်သစ္စာခံဖို့ သွေးသစ္စာပြုရတယ်။ တက်တူးထိုးရတယ်။ နောက်မှတဖြည်းဖြည်း ဂိုဏ်းခေါင်းဆောင်ရဲ့ ယုံကြည်မှုရပြီး ရာထူးအဆင့်ဆင့်တိုးသွားတာ။ ကျွန်တော်က စဝင်ကတည်းက ကျန်းကျူးသဘောကျအောင်နေတော့ သူဘေးခေါ်ထားလိုက်တာ။ အစက မကောင်းတာမှန်သမျှအကုန်လုပ်ရတယ်ကိုကို တခါတလေ ဆေးတောင်သုံးရတယ်။ sex ကိစ္စတော့ရှောင်ပါတယ်။ တမင်သတင်းလွှင့်ရုံပါပဲ ကျွန်တော်က လူခေါ်ပြီး ပိုက်ဆံပေးနှုတ်ပိတ်ပြီး ပြန်လွှတ်တာ"

My Dear Enemy (season-2)Where stories live. Discover now