Part (5)

6.2K 628 18
                                    

Unicode

ရိပေါ် ရှောင်းကျန့်မနိုးခင် အစောကြီးထပြီး ရုံးသွားဖို့ ပြင်နေရသည်။ နိုးနေရင် သူလဲလိုက်မယ်ဆိုပြီး ဂျီကျမှာ ရိပေါ်သိနေသောကြောင့်ပင်။ အသံမထွက်အောင် ဗီရိုထဲက အဝတ်အစားတွေထုတ်နေတုန်း

"ရိပေါ် အစောကြီးရှိသေးတယ် ဘာလုပ်နေတာလဲ"

"ဗျာ...ဟို...ဘာမှမလုပ်ပါဘူး ကိုကိုပြန်အိပ်လေ စောသေးတယ်"

"မင်းငါမသိအောင် ရုံးသွားမလို့မလား"

"ဗျာ"

"ဝမ်ရိပေါ် ငါနေကောင်းပါပြီဆိုနေ ငါအိမ်မှာပဲ ဒီအတိုင်းထိုင်မနေချင်ဘူး"

"ကိုကို မှအားပြန်မပြည့်သေးတာ"

"အားရှိလွန်းလို့ မင်းကိုတောင်တက်လုပ်လို့ရတယ်"

"ကြောက်ဖို့ကောင်းလိုက်တာ"

"ငါအလုပ်သွားမှာနော် မတားနဲ့"

"မသွားရဘူး"

"ဝမ်ရိပေါ်!!"

"ပြောစကားနားမထောင်ရင် ကျွန်တော်မားကို လှမ်းခေါ်လိုက်မှာနော်"

ကိုကိုက တစ်လောကလုံးကိုသာမကြောက်တာ သူ့မားကိုတော့ သေအောင်ကြောက်သည်။

"ရိပေါ်လေး....ကိုကို့ကို မချစ်ဘူးလားပြော"

ရိပေါ် သတိအနေအထားနှင့် ရပ်နေလိုက်သည်။ ယုန်မာယာတွေထုတ်သုံးပြီဆိုတော့ ဒါမကောင်းတာ တစ်ခုခုလုပ်တော့မဲ့သဘော။

"ရိပေါ်လို့....."

တဖြည်းဖြည်း အနားကပ်လာသည့်ရှောင်းကျန့်က သူ့အင်္ကျီကြယ်သီးကို တလုံးချင်းဖြုတ်ပြီး မြူစွမ်တွေတိုက်နေသည်။

"ကိုကိုအဲ့လို မလုပ်ပါနဲ့ဗျာ"

"ဟင်းဟင်း....ပြောလေ လိုက်ရမှာလား မလိုက်ရဘူးလား"

"ကိုကို"

လက်သရမ်းတဲ့ ကိုကိုက ရိပေါ်ရဲ့ ဘောင်းဘီခါးပတ်ကို ဖြုတ်ဖို့ကြိုးစားလာတော့ ရိပေါ်ချွေးပြန်လာသည်။

"တော်​တော့ကိုကို....လိုက်ခဲ့တော့"

"ဟီးဟီး...အစကတည်းကအဲ့လိုလိမ္မာလိုက်ပြီးရော"

My Dear Enemy (season-2)Where stories live. Discover now