Part (8)

5.7K 559 1
                                    

Unicode

ရိပေါ်တို့ ကစားကွင်းကိုရောက်တော့ ကလေးပျောက်သွားသည့် ပြဇာတ်ကရာနေရာကို သေချာကြည့်လိုက်ကြသည်။ နေရာကသိပ်မကျယ်ဘဲ သစ်ပင်အချို့ရှိနေတော့ တရားခံအတွက် လွယ်ကူနေသည်။

"ဒီနားကို သေချာရွေးထားတာပဲ ဖြစ်တဲ့ပုံစံကို ပြန်တွေးကြည့်ရင် အစက ကလေးနဲ့ သူ့အမေက ဒီနားလောက်မှာ ပြဇာတ်ကြည့်နေကြမယ်။ သစ်ပင်အကွယ်လဲရှိတယ် အပြင်ကိုထွက်တဲ့ လမ်းနဲ့လဲနီးတော့ ဒီနေရာပဲဖြစ်ဖို့များတယ်။"

"အင်းဟုတ်တယ်"

"ခါးပိုက်နှိုက်ဆိုပြီး ရုတ်ရုတ်သဲသဲဖြစ်တဲ့ အချိန်မှာ ကလေးနဲ့ ကလေးအမေကြားလူတွေဝင်လာမယ်။ ကလေးနဲ့ တွဲထားတဲ့လက်ပြုတ်သွားတဲ့အချိန်မှာ ကလေးကို သူတို့အနားမှာ စောင့်နေတဲ့ တစ်ယောက်ယောက်ကခေါ်သွားမယ်။ ကလေးအမေရဲ့ မမြင်ကွယ်ရာ ဖြစ်သွားအောင် တမင်ဖန်တီးမယ်။ ပြီးမှ ကလေးကို အပြင်ခေါ်ထုတ်သွားတာ"

"ကလေးကမအော်ဘူးလားမသိဘူး"

"မအော်လို့ပေါ့ကိုကို ကစားကွင်းမှာ လူအများကြီးရှိတာ ကလေးကအော်တာနဲ့ လူတွေသတိထားမိမှာပဲ အဲ့ဒါကြောင့် ကလေးကို မေ့ဆေးနဲ့ခေါ်သွားတာဖြစ်ရမယ်။ သတိလစ်သွားတဲ့ကလေးကို အသာလေးပွေ့ချီပြီး ကလေးမိဘလို ဟန်ဆောင်လိုက်တော့ လူတွေက သတိထားမိမှာမဟုတ်တော့ဘူး"

"ဟုတ်တယ်မင်းပြောသလိုဖြစ်နိုင်တယ်"

"ကျွန်တော် လုံခြုံရေးဌာနကို သွားမေးဦးမယ်"

"အင်း ငါလိုက်လာခဲ့မယ်"

"ဘယ်သွားဦးမလို့လဲ ကိုကိုရာ"

"ခဏလေးပဲမကြာဘူး"

"ကျစ်....ကျွန်​တော် စိတ်မချဘူး ကျွန်တော့်နားမှာပဲနေ"

"မင်းကလဲ....ဒီလိုလုပ်........"

ရှောင်းကျန့်က အနားမှာရှိတဲ့ ပူဖောင်းသည်ဆီသွားပြီး ပူဖောင်းအနီလေးတစ်လုံးဝယ်လိုက်သည်။

"ဒီလိုမျိုး လက်မှာချည်ထားလိုက်မယ် အဲ့တာဆို မပျောက်တော့ဘူး။...ကိုကိုက အရပ်ရှည်ပြီးသားဆိုတော့ မင်းရှာလို့လွယ်မှာပါ။ ဘောလုံးကလဲ အနီရောင်လေးချစ်စရာကောင်းတယ်မလား"

My Dear Enemy (season-2)Where stories live. Discover now