Part (6)

6K 621 2
                                    

Unicode

"ကိုကို မားရဲ့နှစ်ပတ်လည်နေ့အတွက် ကျွန်တော် Beijing ပြန်ရမယ်"

"အင်း ဒီတစ်ခေါက်ကိုကိုလဲ လိုက်ခဲ့မယ်"

"ကိုကို ကျွန်တော်က ပါးအိမ်မှာ​နေရမှာ ကိုကိုပါလိုက်မယ်ဆိုရင် ဟိုတယ်မှာ သွားနေကြမယ်လေ"

"ရပါတယ် မင်းပါးရဲ့အိမ်မှာပဲ လိုက်နေမယ်။"

"ဒါပေမဲ့ ကိုကိုက ပါးနဲ့ အဆင်ပြေလို့လား"

ရိပေါ်ပြောလည်းပြောချင်စရာပေ။ သူတို့ မင်္ဂလာဆောင်ပြီးခါစက ရဲမှူးဝမ်ကျောက်ဟန်က သူ့မိတ်ဆွေအရာရှိကြီးများနှင့် သားမက်​လေးကိုမိတ်ဆက်ပေးတော့ စပ်စလူးသားမက်လေးက ဘယ်လိုဗရုတ်ကျလိုက်သည်မသိ။ သူ့မိတ်ဆွေများရှေ့မှာ မျက်နှာပျက်အောင် လုပ်မှုနှင့် ယောက္ခမကြီးက ရှောင်းကျန့်ကို မကြည်တော့။

"စိတ်မပူပါနဲ့ကွ ကိုကိုမင်းပါးနဲ့အဆင်ပြေအောင်နေမှာပါ"

ရိပေါ်လည်း အာမခံနေသည့် ရှောင်းကျန့်ကြောင့် Beijing သို့ အတူသွားခဲ့ကြသည်။
________________________
နှစ်​ယောက်သား အိမ်သို့ ရောက်တော့ ရိပေါ်က အထုပ်တွေဆွဲပြီး အိပ်ခန်းထဲသယ်သွားသည်။ ရှောင်းကျန့်က မီးဖိုချောင်ထဲတန်းသွားပြီး စားစရာမွှေနှောက်ရှာနေတော့သည်။

"ဘာရှာနေတာလဲ"

"အမလေး....အဟဲ...ရဲမှူးကြီး...အဲ...ဝမ်ပါးပါး"

"မင်းကရောက်တာနဲ့ စားဖို့ပဲ ငါ့ရေခဲသေတ္တာထဲမှာ မင်းစားတဲ့ဟာမရှိဘူး။ စားချင်ရင် ကိုယ့်ဘာသာ သွားဝယ်"

ဖော်ရွေတဲ့ ယောက္ခမကြီးက ရှောင်းကျန့်ကို ဤသို့ လောကဝတ်ပြုရှာသည်။

"ပါးကလဲ ဒီသားမက်လေးလာတာကို မုန့်လေးဘာလေး ဝယ်မထားဘူး"

"စေတနာကိုမရှိတာ"

"အိ....ရက်စက်လိုက်တာ အဲ့တာဆို မုန့်ဖိုးပေးမုန့်သွားဝယ်မလို့"

"မင်းမှာ ပိုက်ဆံမရှိဘူးလား"

"ပိုက်ဆံက ပါးရဲ့သားကိုင်တာ ကျွန်တော်မကိုင်ဘူး"

"ရော့ကွာ ရော့ နားညီးတယ်"

"ဟီဟီ ကျေးဇူးနော်ပါး မုန့်သွားဝယ်လိုက်ဦးမယ်"

My Dear Enemy (season-2)Where stories live. Discover now