Part (52)

4.3K 473 44
                                    

Unicode

"ဝှား.........."

ရှောင်းကျန့် မနေ့ညက အိပ်မပျော်တော့ ကောင်းကောင်းမအိပ်ရသေး။ ရုံးရောက်မှ မျက်လုံးတွေလေးလာပြီး အိပ်ချင်လာသည်။

"တစ်ရေးလောက်အိပ်လိုက်ဦးမှပါပဲ"

စားပွဲပေါ်ကို လက်တင်ပြီး မှောက်အိပ်မလို့လုပ်တုန်း ပိုင်ဖန်းနှင့် ကျန့်ယောင်ဝင်လာကာ

"ရဲစခန်းကို သူ့အိမ်များထင်နေလားမသိဘူး"

"ထားလိုက်ပါကွာ သူကလင်ပူမိနေတာ....သောက်ရမ်းတော်ပါတယ်ဆိုတဲ့ ဟိုကောင်က သူ့ကိုပစ်ပြီး Sophia နောက်ပါသွားတော့မှာလေ"

ရှောင်းကျန့်က ထိုင်နေရာမှ ဒေါသတကြီးထရပ်ကာ

"ဝေ့.....မင်းတို့အတင်းပြောချင်လဲ....ကွယ်ရာသွားပြောလေ ငါ့ရှေ့လာပြောနေရလား။ အတင်းကလဲတုတ်ချင်သေး နေရာလဲမရွေးတတ်ဘူး"

"တဲ့ပြောတာကွာ ဘာဖြစ်ချင်လဲ"

"ထားလိုက်ပါ ပိုင်ဖန်းရယ် ငါတို့ကို ပတ်ရမ်းနေတာ....ဟိုက သာယာနေတာ သူ့မစ်ရှင်တောင်မေ့နေလောက်ပြီ"

"မင်းတို့ ရိပေါ်ကို မကောင်းမပြောနဲ့ မင်းတို့က သူ့ကို အပုပ်ချရလောက်အောင် အဆင့်မမှီဘူး"

"မင်းဘာစကားပြောတာလဲရှောင်းကျန့်"

"မှန်တာပြောလို့နာတာလား....မင်းတို့သူ့ကို မနာလိုတိုင်း သွေးရူးသွေးတန်းစွပ်စွဲနေတာ ငါက နားထောင်မယ်ထင်လို့လား"

"မင်းကမှ သွေးရူးသွေးတန်းဖြစ်နေတာကွ"

"သနားဖို့ကောင်းတယ် မင်းတို့ အချိန်တွေဘယ်လောက်ကြာကြာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီအဆင့်ကနေတက်မလာကြဘူး။ အမြဲရိပေါ် ​ခြေထောက်အောက်ပဲရောက်နေမှာ"

"ခွပ်"

ပိုင်ဖန်းက ရှောင်းကျန့်ကို ထိုးလိုက်တော့ ရှောင်းကျန့်လဲကျသွားသည်။ ချက်ချင်းပြန်ထပြီး ပိုင်ဖန်းကို သုံးလေးချက်ဆင့်ထိုးလိုက်တော့ ကျန့်ယောင်ကပါ သူ့ကို ဝင်ထိုးတော့သည်။ ရဲအချင်းချင်းမို့နှစ်ယောက်တစ်ယောက်ခံနေရတော့ ရှောင်းကျန့်သိပ်မစားသာ။

My Dear Enemy (season-2)Donde viven las historias. Descúbrelo ahora